[အယ်ဒီတာမှတ်ချက် - ရိန်းထရီး ဖေါင်ဒေးရှင်းသည်ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသောကျေးလက်-အခြေပြုအဖွဲ့ အစည်းငယ်တစ်ခုဖြစ်၍နွမ်းပါးသည့်ကလေးသူငယ်များနှင့်လူထုများကိုကူညီရန်အတွက်ရည်စူးလုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။ကလေးသူငယ်များအတွက်နေအိမ်အဖြစ်လက်ခံပေးခြင်း၊ မွေးစားခြင်းဆိုင်ရာ စီမံကိန်းနှင့်များစွာသောအသေးစား-လူမှုစီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေ၍ ရိန်းထရီးသည်သန့်ရှင်း သော ရေရရှိရန်အခက်အခဲ ကဲ့သို့သော အခြေခံလိုအပ်ချက်များရနိင်မည့်အခွင့်အလမ်းများဖြင့်ရင်ဆိုင်နေရသဖြင့် ထိုပြဿနာများအတွက်သင့်လျော်မည့်အဖြေများကိုရှာဖွေလျက်ရှိသည်။]
ကနဦး ကြိုးပမ်းအားထုတ်မှုများ
ကျွန်ပ်တို့သည်ရေစုပ်ယူရန်အတွက် ရည်ရှည်တည်တံ့၍ ရွေးချယ်စရာ/အခြားသောနည်းလမ်းများကို စတင် ရှာဖွေနေသည်နှင့်အမျှကျွန်ပ်တို့၏အဖွဲ့သည်မြေနိမ့်ပိုင်းရှိလယ်ယာများတွင်ရေသွင်းစိုက်ပျိုးရန် အတွက်အသုံးပြု သည့်ရေလှည့်ဘီးများ၏ သဘောတရားများဖြင့်စတင်၍“ကြံဆလုပ်ဆောင်ကြည့်” ကြသည်။ ကျွန်ပ်တို့သည် စလင်း ပန့်(စလင်းရေစုပ်စက်ဟုခေါ်သည့်ရေစုပ် စက်ဖြင့်သုတေသနပြုခြင်းနှင့်စမ်းသပ်ခြင်းများကို စတင်ပြု လုပ်ခဲ့ကြသည်။ သို့သော်ရှေ့ပြေးပုံစံများစွာ ဖြင့် စမ်းသပ်ပြီးသည့်နောက်အရှုံးပေးခဲ့ရသည်။ အခက်အခဲများတွင် စက်ပစ္စည်းတပ်ဆင်ခြင်း၊ ကုန်ကျစရိတ်၊ ကျွမ်းကျင်မှုဆိုင်ရာအပိုင်းများနှင့်နောက်ဆုံးတွင် ၎င်း၏အကျိုးသက် ရောက်မှု ပင်ဖြစ်သည်။
ပြဿနာဖြေရှင်းရာတွင်ရေစုပ်စက်တခုစီတို့ ၌၎င်း၏တည်နေရာနှင့်အသုံးချနိုင်မှုအသီးသီးရှိကြသည်ကို သိသ ဖြင့်ကျွန်ပ်တို့သည်ရေဖြင့်လည့်သောစုပ်စက်များကိုစတင်ရှာဖွေရန်ဆုံးဖြတ်ခဲ့ကြသည်။ ပုံစံများစွာဖြင့်စမ်းသပ် ပြုလုပ်ပြီးနောက်ကျွန်ပ်တို့၏ပန်းတိုင်များကိုသတ်မှတ်ကြ၍အသုံးပြုမည့်ပုံစံသည် စီးဆင်းနေသည့်ရေကိုရနိုင် သောသူများအတွက်စျေးနှုန်းသက်သာရမည်။တပ်ဆင်ရာတွင်လွယ်ကူရမည်။ထိန်းသိမ်းရန်များစွာလိုအပ်ခြင်းမရှိရ၊တပ်ဆင်ရန်လွယ်ကူရမည်ဟုဆုံးဖြတ်ကြသည်။ယေဘူယျရည်ရွယ်ချက်မှာလယ်သမားများအားမြစ်သို့မဟုတ် ချောင်းငယ်များမှကောက်ပဲသီးနှံများကိုရေသွင်းစိုက်ပျိုးရာတွင်ရေစုပ်ရန်လျှပ်စစ်ဓါတ်အားသို့မဟုတ် လောင်စာ ဆီမလိုအပ်သည့်ပန့်များအားအသုံးပြုနိုင်ရန်နှင့်အလုပ်သမား လိုအပ်မှုကိုလျော့ချရန်အတွက် ဖြစ် သည်။
အကြမ်းပကတိမှစတင်ခြင်းကိုရှောင်ရှားရန်အတွက်ကျွန်ပ်တို့သည်ဒေသများတွင်ရှိသည့်ကုန်မာပစ္စည်းဆိုင်များကိုချဥ်းကပ်၍ ၁လက္မအရွယ်ရှိပြွန်ကျပ်(ပစ္စတန်)ပန့်တခုကို ၂၄၀၀ ထိုင်းဘတ်(၇၅ယူအက်ဒေါ်လာ)ဖြင့်ယူရန် ဆုံးဖြတ်ခဲ့သည်၊ ၎င်းတွင် ချိတ်၊ စည်းရန်ပစ္စည်းများနှင့်ပစ္စတန် အပိုပါသည့်အစုံတစ်စုံကိုလည်း ၂၆၀ ထိုင်းဘတ် (၈ ယူအက်ဒေါ်လာ)ကိုတပါတည်းယူလာပါသည်။
နောက်တဆင့်မှာ ပစ္စတန်ပန့် (ပြွန်ကျပ်)ကို သေးငယ်သည့်စီးဆင်းနေသောမြစ်ရေတစ်ခုတည်းဖြင့်သာ မောင်းနှင် နိုင်သည့်ဘီး တစ်ခုကိုပုံစံဖေါ်ရန်ဖြစ်သည်။ကျွန်ပ်တို့၏ပထမဆုံးမူရင်းပုံစံမှာစက်ဘီးအဟောင်း၏ဘီး တစ်ခုဖြစ် ၍ အနီးအနားတွင်ထား ပြီးသယ်ယူနိုင်သည့် ၁၄ ပုံးအဟောင်းဖြင့်တပ်ထားသည်(ပုံ ၁)။ ထွက်ပေါက် တွင်ပန်းခြံ သုံးရေပိုက်တစ်ခုကိုတပ်၍ ၀င်ပေါက် မှာချောင်းသို့တိုက်ရိုက်သွားသည်။ ဤပုံစံသည်အ၀င်ပန့်အထဲ သို့ လေ၀င် စေသဖြင့်ကျွန်ပ်တို့သည်စကာနှင့်အပေါက်ပါသည့် ပုံးကိုအသုံးပြု၍တည်ငြိမ်သည့်ရေမျက်နှာပြင် ရရန်ပြု လုပ် သည်(ပုံ ၁)။ ဤဥပမာတွင်ချောင်း၏ရေစီးဆင်းနှုန်းမှာ၀.၆မှ၀.၈ m/sဖြစ်သဖြင့်မမြန်လွန်းမနှေးလွန်း ပါ။ပန့်မှ တောင်ကုန်းအပေါ်ရှိရေလှောင်ကန်သို့အမြင့်၆မီတာခန့်နှင့်အကွာအ၀ေး၅၀မီတာ ခန့်ရှိသည်။စီးဆင်းနှုန်း မှာ အကြမ်းအားဖြင့်တစ်မိနစ်လျင်၃လီတာဖြစ်၍ဤပန့်သည်တရက်လျှင်၂၄နာရီလည်ပတ်ပါက လုံလောက်သည် ထက်ပိုပါသည်(တရက် ၄၅၀၀ လီတာ)။ကုန်ကျစရိတ်အနေဖြင့်ပစ္စည်းများရနိုင်ခြေအပေါ် တွင်မူ တည် သည်မှာ အမှန်ပင်ဖြစ်သော်လည်း ကျွန်ပ်တို့ပြုလုပ်ထားသည့်ပုံစံမှာ ထိုင်းဘတ် ၄၀၀၀(ယူအက်စ်ဒေါ်လာ ၁၂၅) ဖြစ်သည်။
ပုံစံကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း
ယေဘူယျအားဖြင့်ကျွန်ပ်တို့၏မူရင်းပုံစံမှာ ကောင်းသော်လည်းပုံးများမှဘီးကို မောင်းနှင်သည့်အင်အားပိုမို ကောင်းမွန်အောင်လုပ်သင့်သည်ဟုယုံကြည်သည်။ ထိုကြောင့်ကျွန်ပ်တို့သည်ပြုပြင်ရန်ဆုံးဖြတ်ကြပါသည်။ ၁/၄ လက္မသတ္တုပိုက်တွင်အသုံးပြုရန်သာမန်ပိုက်ဘီးလုံးကိုအသုံးပြုသည်။ဘီးလုံးသည်၅၀၀ထိုင်းဘတ်(၁၅ယူအက်စ် ဒေါ်လာ) ဖြစ်၍အခြေခံဘောင်နှင့်လှည့်တံပါပြီးသားဖြစ်သည်။ ချောင်းရှိစီးဆင်းနေသောရေဖြင့်ဘီးလည်စေရန် အတွက်ကျွန်ပ်တို့သည်စတီးပြားများ(၂ မမအထူခန့်) ကိုပိုက်အထိုင်ချမည့်နေရာဘေးရှိကြားများတွင် ဂဟေဆော် သည်(ပုံ ၄)။
ကျွန်ပ်တို့သည် ပီအီး(ပိုလီသိုင်လင်း) ½ လက္မ(ပိုက်) တစ်ခုကိုပန့်တွင်ပေါင်းထည့်သည့်အခါရေရှိသည့်နေရာမှ ၁၀၀ မ အကွာအ၀ေးတွင်ရှိသည့်သီဟိုဠ်ပင်များကိုစတင်၍ရေလောင်းနိုင်သည်။ အမြင့်မှာပထမနေရာနှင့်ဆင်တူ ၍(~၆ မ အမြင့်)ချောင်းရေစီးနှုန်းမှာလည်းဆင်တူသည်။ ပန့်အတွက်လိုအပ်သည့်အကွာအ၀ေးမှာရှည်လာသည် ကိုထင်ရှားစွာတွေ့ရှိလာရသည်၊ထိုအခါတွင်ပန့်ကိုဖိအားပေးလာသဖြင့်တခါတရံ၎င်းအားလုံး၀ရပ်သွားစေသည်။ ထိုနည်းတူပင်ပိုက်လိုင်းကိုပို၍မြင့်သည့်နေရာသို့မြှင့်လိုက်သည့်အခါတွင်ဖြစ်ပေါ်သည်။ရေစီးနှုန်းကိုထိန်းထား ခြင်းမရှိသည့်အခါကျွန်ပ်တို့သည်မိမိတို့၏အလုပ်လုပ်နှုန်းကိုကန့်သတ်ရသည်။ သို့သော်ကျွန်ပ်တို့သည် အပင်များ ကို နေ့စဥ်ရေလုံလောက်စွာသွင်းပေးရန်မှာမူအောင်မြင်ခဲ့သည်။ ယေဘုယျအားဖြင့်ဤပုံစံသည်ပို၍စျေးသက်သာ သည်။၎င်း၏ပို၍ကျယ်သည့်ဧရိယာသည် ပို၍ရှည်သည့်ပိုက်လိုင်းများဖြင့် ပို၍မြင့်သည့်နေရာများသို့ရေပို့ပေး နိုင်သည်။
ထပ်ဆောင်း လေ့လာစူးစမ်းချက်များ
ရေလှည့်ဘီးနှင့်ပန့်များကိုရေထဲတွင်ထားခြင်းသည်ကျော်လွှားရန်ခက်ခဲသည့်စိန်ခေါ်မှုတစ်ခုဖြစ်သည်ကိုထောက် ပြရန်လိုအပ်ပါသည်။ ထိုသို့ခက်ခဲခြင်းမှာ၎င်း၏နဂိုပုံစံအရ ပန့်ကိုယ်တိုင်ကပင်အားလုံးကိုပေါင်းစည်း၍မရ ခြင်းဖြစ်သည်။ သို့သော်ကောင်းမွန်စွာလည်နိုင်ရန်တက်များသည်လုံလောက်သည့်အနက် တွင်ရှိရန်လိုအပ် သည်။ အတန်ကြာမျှ ကြံဆလုပ်ဆောင်သည့်အခါကျွန်ပ်တို့သည် မှန်ကန်သည့်ဟန်ချက်ကိုရှာဖွေတွေ့ရှိနိုင်ခဲ့ သည်။
ထို့ပြင် ကျွန်ပ်တို့၏ချောင်းများသည်အလွန်အမင်းလျှင်မြန်စွာရေမစီးသောကြောင့် ရေတိုးထွက်ရန်အတွက် မြောင်းငယ်တခုပြုလုပ်ပေးရသည်။ ဤသို့ပြုလုပ်ပေးခြင်းဖြင့်ပုံမှန်စီးဆင်းနှုန်းကိုအထောက်အကူဖြစ်စေ၍ပန့် လည်ရန်စိတ်ချရသည့်နေရာတစ်ခုဖြစ်လာသည်(ပုံ ၃)။ နောက်ဆုံးတွင် ရေသွင်းစိုက်ပျိုးရန်လိုအပ်သည့်ဤနေရာ များ၌ရှိသည့်ချောင်းများတွင်ဤပန့်များကိုအလွယ်တစ်ကူထားရှိနိုင်၍ထိုဒေသရှိလူများအတွက်အသုံးပြုရန်အ လွန်အဆင်ပြေစေသည်ကိုတွေ့ရသည်။
မတူညီသည့်ချဥ်းကပ်မှုပြုလုပ်ခြင်း
ကျွန်ပ်တို့သည်ပစ္စတန်ပန့်ကို၀ယ်ပြီးသားဖြစ်သဖြင့် ပလပ်ခေါင်းအချို့နှင့်ကြံဆပြုလုပ်လိုပါသည်။ ဤတစ်ကြိမ် တွင်ကျွန်ပ်တို့သည်ပေါလောပေါ်သည့်ဖေါင်စနစ်၏ဖြစ်နိုင်ခြေကိုစမ်းသပ်လိုသည်(ပုံ ၅)။ ဤစမ်းသပ်မည့်နည်း မှာအကုန်အကျများစွာရှိသည်။အဘယ်ကြောင့်ဆိုသော်ဖေါင်ကိုထိုဒေသတွင်၀ယ်ယူ၍ မရသောကြောင့်ဖြစ် သည်။ ပုဇွန်မွေးမြူရေးကိုဤဒေသတွင် ကျယ်ပြန့်စွာလုပ်ခြင်းမရှိ၍ဖေါင်များ ကိုနိုင်ငံ၏တောင်ပိုင်းမှ၀ယ်ယူ ရသည်။ ဖေါင်၊ ဘောင်၊ ဘီးနှင့်ချိတ်များအတွက်ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၃၇၅ ယူအက်စ်ဒီ)ဖြစ်သည်။
စနစ်နှင့်လိုက်လျောညီထွေဖြစ်ရန် ကျွန်ပ်တို့သည်ခွေးသွားစိပ်ဘီးကိုတက်မ၀င်ရိုးတွင်တပ်၍ ပို၍ကြီးသည့်ခွေး သွားစိပ်ဘီးမှ ၀င်ရိုးအပတ်သို့ဆက်သည်။ ကျွန်ပ်တို့တွင်ရှိသောပန့်အရိုးတိုင်(ရှပ်)တွင် ခွေးသွားစိပ်အချင်း သည် ၅၀ မမရှိ၍ဖေါင်၀င်ရိုးမှာ အချင်း ၁၅၀ မမရှိသည်။
ဤစနစ်ကို မိုးရာသီအတောအတွင်းအခြားသောချောင်း၊ အခြားသောနေရာတွင်စမ်းသပ်ခဲ့သည်။ ဤနေရာတွင် ရေစီးဆင်းမှုမှာ အနည်းဆုံး ၁.၂-၁.၅/စက္ကန့်ရှိသည်။ ကြုံတွေ့ရသည့်အဓိကပြဿနာမှာပေါ လောပေါ်ဖေါင် ကို မြစ်အလယ်တွင်အတည်ထားရန်တပ်ဆင်ရခြင်းပင်ဖြစ်သည်။ ကံမကောင်းစွာဖြင့်စတီးကေဘယ်ကို မြစ်ကမ်း ဘေး တစ်လျောက်တွင်တပ်ထားသော်လည်းဖေါင်မှာတဘက်မှတဘက်သို့ရွေ့နေပြီးချောင်း ရေစီးကြောင်း အ ပြင်သို့ ရောက်နေသည်။မူလပုဇွန်မွေးမြူရေးကန်များမှလေးအေးပေးစက်များတွင်ပို၍ကောင်းသော လေးအေး ရရန်အပေါက်များပါသော်လည်း စီးဆင်းနေသည့်ရေမှအင်အား(ပါ၀ါ) အပြည့်ရရန်အတွက်မှာမူအထောက် အကူ မဖြစ် ပါ။ အဆုံးတွင်ပို၍ပြင်းစွာ စီးဆင်းနေသည်ရေစီးကြောင်းသည်အရှေ့တွင်ရှိသောပိုက်ကိုစိုက်ဆင်းစေ၍ ဖောင်ကို နေရာတကျထားရန်အခက်အခဲဖြစ်လာပါသည်။
နိဂုံး
ကျွန်ပ်တို့၏သာမန်မျှဖြစ်သည့်ကြိုးစားမှုများသာဖြစ်စေကာမူကျွန်ပ်တို့သည်ရေသွင်းစိုက်ပျိုးရန်အတွက် လယ်သမားများ၏လိုအပ်ချက်များကိုစီးဆင်းသောရေများဖြင့်အနီးစပ်ဆုံးအဖြေရှာပေးနိုင်ခဲ့သည်ကိုမူ ယုံကြည်စိတ်ချ လျက်ရှိသည်။