By: ဂျော်နသန် ရီဘစ်ချ်၊ ပက်ထရစ် ထရေးလ်၊ ဘွန်စွန် သန်စီရီထော် နှင့် အေဘရန် ဘစ်ခ်စလာ
Published: 2024-06-03


ဤဆောင်းပါသည် ဘွန်ဆွန်း သန်ရှရီသွန်၊ အေဘရမ် ဂျေ၊ ဘစ်လာ နှင့် ပက်ထရစ် ဂျေ၊ ထရေးလ်တို့မှပြုလုပ်ခဲ့သည့်  အီးစီအိပ်ချ်အို  သုတေသနကို အကျည်းချုပ်ထားခြင်းဖြစ်သည်။

နိဒါန်း

ဆက်စပ်မှု

EDN164 coffee graphic my

ပုံ ၇။ ထက်ခြမ်းခွဲထားသည့် ကော်ဖီစေ့(ကော်ဖီဘယ်ရီ) - ငွေရောင်အခွံ နှင့် အစေ့ခွံဖုံးထားသည်ကိုပြသောပုံ(၀ဲ) နှင့် ဖုံးအုပ်ထားခြင်းမရှိသည့်ကော်ဖီစေ့နှစ်စေ့(ယာ)။ အကြောင်းအရာရင်းမြစ်- ဂျော်နသန် ရီဘစ်ချ် နှင့် စတေစီ စွာ့

ကမ္ဘာ့ ကော်ဖီ(Coffea spp.)ထုတ်လုပ်ရေးမှ ၂၀၂၂ တွင်ကော်ဖီစိမ်းမက်ထရစ်တန်ချိန် ၁၀.၈ သန်း၀န်းကျင်နှင့်/ ၎င်းနှင့် တပါတည်းအလေအလွင့်များစွာထုတ်လုပ်ခဲ့သည် (FAOATAT ၂၀၂၄)။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဌာနေတိုင်းရင်းသား လူမျိုးစုဖွံ့ဖြိုးရေး စီမံချက်မှ ကော်ဖီ တစ်တန်ရိတ်သိမ်းလျှင်စျေးကွက်တွင်ရောင်းချနိုင်သည့်ကော်ဖီစိမ်း ၂၅% မျှသာ ရရှိသည်ကိုတွေ့ရသည်။ ကျန်သည့်ရာခိုင်နှုန်းမှာ ကော်ဖီသီး(ကော်ဖီချယ်ရီသီး)ပျော့ဖတ်၊ အစေးများ၊ အခွံများနှင့်စွန့် ပစ်သောအစေ့များ “အလေအလွင့်” ဘေးထွက်ပစ္စည်းများအဖြစ်ကျန်ရှိသည့်အရာများသာဖြစ်သည်။  

ကော်ဖီစိမ်းထုတ်လုပ်သည့်နောက်ဆုံးအဆင့် (Coffea arabica)သည်ကော်ဖီစေ့ကိုကာကွယ်ထားသည့်အပြင်ဘက် တွင်ရှိသည့်အခွံကိုဖယ်ရှားရန်ဖြစ်သည်-၎င်းကိုအများအားဖြင့်” ကော်ဖီစေ့အခွံများ”ဟုခေါ်သည်(ပုံ ၇)။ ကော်ဖီထုတ် သည့်စင်တာများသည်ကော်ဖီစေ့များအားပြောင်းရွှေ့ခြင်း သို့မဟုတ် လှော်ခြင်းမပြုလုပ်မီအခွံများကိုဖယ်ထုတ်ခြင်း ဖြင့်ဘေးထွက်ပစ္စည်းများကိုစုဆောင်းသည်။ အခွံမျာကိုစွန့်ပစ်ရာတွင်မီးရှို့ခြင်း သို့မဟုတ် ပုတ်သိုးသွားရန်စုပုံထား ကြသည်၊ ထိုနည်းနှစ်မျိုးစလုံးသည်သဘာ၀ပတ်၀န်းကျင်ကိုအလွန်အမင်းအန္တရာယ်ဖြစ်စေသည်။

3နယူထရယ် ဒီတာဂျင့် ဖိုင်ဘာ ဆိုသည်မှာကျွေးသည့် အစာများတွင်ပါရှိသည့်ပရိုတင်း၊ အချိုဓါတ်များ၊ အဆီပါ၀င် သည့်ဒြပ်ပေါင်းများနှင့်သကြားနှင့်တူသော ဒြပ်များကိုချေ ဖျက်နိုင်သည့်ပျော်၀င်ရည်များဖြင့်ပြုပြင်ပြီးနောက်ကျန်ရှိ သည့်အမျှဥ်ဓါတ်ဖြစ်သည်။၎င်းသည်မွေးမြူရေးတိရစ္ဆာန် အစာများအတွင်းရှိအမျှင်ဓါတ်(ဖိုင်ဘာ)ပါ၀င်ခြင်းကိုတိုင်း တာသည့်သမရိုးကျတိုင်းတာမှုတစ်ခုဖြစ်သည်။

တချိန်တည်းမှာပင်နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်မှုလုပ်ငန်းများမှအစားအသောက်စည်းကမ်းများနှင့်ကိုက်ညီ၍စျေးနှုန်းသက်သာသောဖိုင်ဘာအမြောက်အများရနိုင်သည့်ရင်းမြစ်ကိုရှာကြသည်။ သူတို့သည်အကျိုးအမြတ်နည်း၍ အတက်အကျများသည့်စျေးနှုန်းများနှင့်ထပ်ခါထပ်ခါကြုံကြရသည်။ ကော်ဖီစေ့အခွံဖတ်များတွင်အမျှင်ဓါတ်(ဖိုင်ဘာ) ပါ ၀င်နှုန်းမြင့်၍(နယ်ဂါစီ(Negesse)နှင့်အဖွဲ့., ၂၀၀၉) ဒီတာဂျင့် ဖိုင်ဘာကဲ့သို့ ၈၃.၆% မျှလေက်ပါ၀င်သည်- (NDF)     3 ဗီလီလာ (Vilela )နှင့်အဖွဲ့ ၂၀၀၁)။ အများအားဖြင့်လိုအပ်သည်ထက်ပိုမိုထုတ်လုပ်သဖြင့် ကော်ဖီထုတ် လုပ်သည့် လောကတွင်အခမဲ့မရရှိနိုင်ပါကလဲ၀ယ်ယူနိုင်သည့်အခြေအနေတွင်ရှိသည်။ ဤအချက် သည်သုတေသန ပြုသူများ အားကော်ဖီစေ့အခွံများဖတ်များကိုတိရစ္ဆာမွေးမြူရေးအတွက်အစာအဖြစ်အသုံးပြုရန်စဥ်းစားစေသည် (ဒီဒန်နာ (Didanna), ၂၀၁၄; မာဇာဖာရာ(Mazzafera)၂၀၀၂)

သုတေသနပြုခြင်းရည်ရွယ်ချက်

အီးစီအိပ်ချ်အိုအာရှ၀န်ထမ်းများသည်ဤသုတေသနကိုပြုလုပ်ရာတွင်အဓိကရည်ရွယ်ချက်များမှာနို့စားနွားမွေးမြူရေးလုပ်ငန်းတွင်တိရစ္ဆာန်အစာအတွက်၀ယ်ယူရသည့်အမျှင်ဓါတ်(ဖိုင်ဘာ)အစားအခမဲ့ရရှိသည့်ကော်ဖီစေ့အခွံဖတ်များနှင့်အစားထိုးရန်နှင့် နို့ထုတ်လုပ်မှုတွင်အကျိုးသက်ရောက်မှုကိုစီစစ်ရန်ဖြစ်သည်။ ကျွန်ပ်တို့၏သုတေသနသည် ကော်ဖီစေ့အခွံဖတ်လိုအပ်မှုမရှိသည့်နေရာနှင့်ကုန်ကျစရိတ်မရှိသည့်နေရာနှင့်ကိုက်ညီမှုရှိသည်။ ဤရွေးချယ်မှုကို စိတ် ၀င်စားသည့်လယ်သမားများသည်အချိန်၊ လုပ်အား၊နှင့်သယ်ယူပို့ဆောင်ရေးစရိတ်နှင့်ကော်ဖီစေ့အခွံဖတ် အသုံး ပြုခြင်းတို့၏ဆက်နွယ်မှုကိုစဥ်စားရမည်။

နည်းလမ်းများ

ကျွန်ပ်တို့သည်ဤစမ်းသပ်မှုကို ၂၀၁၆ နှင့် ၂၀၁၇ နှစ်အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့နယ်၊ စံ ခမ်ဖန်တွင် ရှိသော အမ်အမ်အမ် နို့စားနွားမွေးမြူရေးစခန်း(လယ်ယာ)တွင်ပြုလုပ်ခဲ့သည်။

အစာများ

EDN164 Figure 8

ပုံ ၈၊ ကော်ဖီစေ့အခွံဖတ်နှင့်မရောမီ လယ်ယာ တွင်ပြုလုပ်သည့်အစာ၊

အကြောင်းအရာ ရင်းမြစ် -အီးစီအိပ်ချ်အို

EDN164 Figure 9

ပုံ ၉၊ အမ်အမ်အမ် နို့စားနွား မွေးမြူရေးခြံမှ နို့စားနွားများ။

အကြောင်းအရာရင်းမြစ် -အီးစီအိပ်ချ်အို

စမ်းသပ်မှုတွင် သီးခြားကနဦး စမ်း သပ်မှုသုံးခုပါ၀င်သည်။ ကနဦးစမ်းသပ်မှုတစ်ခုစီတွင် လယ်ယာ-ထုတ်အစာများ တွင် ပါသည့်အမျှင်ဓါတ်       ပါ၀င်မှု အတိုင်းအမျှင်ဓါတ်ပေးနိုင်လောက်သောကော်ဖီစေ့အခွံဖတ်များ ကိုအသုံးပြု ထားသည်(ပုံ ၈)။ ဤစမ်းသပ်မှုများတွင်အသုံးပြုသည့်ကော်ဖီစေ့အခွံဖတ်များသည်ကော်ဖီယာ အာရဘီကာ (Coffea Arabica)အစိုထုတ်လုပ်နည်းမှရရှိသည့်ကော်ဖီစေ့အခွံများ4 ဖြစ်သည်။ပထမအကြိမ်စမ်းသပ်မှု၌ကျွန်ပ်တို့သည်အပူ ပိုင်းဒေသဟော်စတိန်းနို့စားနွားများအားကျွေးသည့်နေ့စဥ်အစာ၁၉မျိုးကိုကျပန်းရွေးချယ်၍ကော်ဖီစေ့အခွံ၂၀၀   ဂရမ်ထပ်ဆောင်းထည့်ပေးသည်။ဒုတိယနှင့်တတိယစမ်းသပ်မှုတွင်အမျိုးတူနွားအုပ်ရှိနို့စားနွားများအားကျွေးသည့်နေ့စဥ်အစာ၁၆မျိုးကိုကျပန်းရွေးချယ်၍ကော်ဖီစေ့အခွံ ၁ကီလိုထပ်ဆောင်းထည့်ကျွေးသည်။ နွားတစ်ကောင်စီကို လယ်ယာ-ထုတ် အစာ ၂၅ ကေဂျီထပ်ဆောင်း၍ နေ့စဥ် တစ်လကြာကျွေးသည်(ဇယား ၁၊ ပုံ ၉)။ ထို့ပြင် စီးပွားဖြစ် ထုတ်လုပ်သည့် အစာ ၅ကေဂျီ ကိုလည်းနေ့စဥ်ကျွေးသည်။

4ကော်ဖီပြုလုပ်သည့်ဖြစ်စဥ်တွင်ကော်ဖီကိုအခြောက် မလှန်း မီ ကော်ဖီစေ့ရှိပျော့ဖတ်များအားရေဖြင့်သန့်စင်ဖယ်ရှား ခြင်း ကို အစိုနည်း(ဆေးကြော သန့်စင်နည်းဟုတစ်ခါတစ်ရံ ရည်ညွှန်းပြောဆိုကြသည်)။ ဤနည်းကိုအသုံးပြုသည့်အခါ ပျော့ဖတ်များကိုဖယ်ရှားပြီးသည့်နောက်ကော်ဖီစေ့တွင်ကော်ဖီစေ့အခွံဖတ်ကျန်ရှိနေ၍၎င်းကိုသီးခြားဖယ်ရှားရမည်။၎င်းသည်ဘေးထွက်ကော်ဖီစေ့အခွံဖတ်ကိုသီးသန့်ထုတ်ပေး သည်။၎င်းမှာကော်ဖီစေ့ထုတ်လုပ်မှုဖြစ်စဥ်တွင်အတွေ့ရများ သည့်နည်းဖြစ်သည်။
ဇယား ၁၊ လယ်ယာ-လုပ်အစာတွင် ကော်ဖီစေ့အခွံအပါအ၀င်ပါ၀င်အစာကြမ်း။ ကုန်ကျစရိတ်များကိုထိုင်းဘတ်(THB) နှင့်ယူအက်စ် ဒေါ်လာ(USD) ဖြင့်ဖေါ်ပြထားသည်။
ပါ၀င် ပစ္စည်းများ ပမာဏ (kg) ကုန်ကျစရိတ် (THB/kg) စုစု ပါင်း ကုန်ကျစ ရိတ် (USD/kg)

အခွံများ စုစုပါင်း ကုန်ကျ စရိတ်

 (THB)

အခွံများ စုစုပါင်း ကုန်ကျစ ရိတ်

(USD)

အခွံများ မပါ စုစုပါင်း ကုန်ကျ စရိတ်

 (THB)

အခွံများမပါ စုစုပါင်း ကုန် ကျစ ရိတ်

(USD
ပြောင်းအစိမ်း

၆၅၀

၁.၈

၀.၀၅

၁၁၇၀

၃၂.၁၉

၁၁၇၀

၃၂.၁၉

ပလောပီနံ အမှုန့်

၄၀၀

၁.၃

၀.၀၄

 ၅၂၀

 ၁၄.၃၁

 ၅၂၀

၁၄.၃၁

ပြောင်းအခွံခြောက်

၁၅၀

၀.၀၆

၃၀၀

၈.၂၅

၅၀၀

၁၃.၇၄

စည်သွပ် သီးနှံ အရည်

၀.၀၆

၁၀

၀.၂၈

၁၀

၀.၂၈

ကော်ဖီစေ့အခွံ

၁၀၀

မရှိ

မရှိ

စုစုပေါင်း

၁၃၀၅

   

၂၀၀၀

၅၅.၀၃

၂၂၀၀

၆၀.၄၄

အတိုင်းအတာ ပမာဏ

ကျွန်ပ်တို့သည် ကော်ဖီစေ့အခွံဖတ်-ထပ်ဆောင်းလယ်ယာ-ထုတ်အစားများဖြင့်တစ်လတာမကျွေးမီနှင့်ကျွေးပြီး သည့် အခါနွားတစ်ကောင်စီ၏ နွားနို့အရည်အသွေးစစ်ရန်နွားနို့ နမူနာများကိုပေးပို့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်တွင်ရှိသည့် မဲဂျော့ စိုက်ပျိုးရေးတက္ကသိုလ်မှ နွားနို့အရည်အသွေးစမ်းသပ်မှုများကိုပြုလုပ်သည်။ သူတို့သည် သီးခြားတည်ရှိသည့် ပြောင်းလဲနိုင်သောအဆီ၊ သဘာ၀ အသားဓါတ်(ပရိုတိန်း)၊ နွားနို့တွင်တွေ့ရသောသကြား(နို့သကြား)၊ စုစုပေါင်း အစိုင် အခဲ၊ နှင့်ခန္ဓာတွင်းရှိစဲလ်အရေအတွက်စသည်တို့ကိုတိုင်းတာသည်။ ထိုင်းနိုင်ငံ တိရစ္ဆာန်မွေးမြူရေး ဖွံဖြိုးမှု ဌာနမှ စမ်းသပ် မှုထိန်းသိမ်းစောင့်ရှောက်ရန်အတွက်အကူအညီပေးသည်။

အဆီ၊ သဘာ၀ အသားဓါတ်(ပရိုတိန်း)၊ နွားနို့တွင်တွေ့ရသောသကြား(နို့သကြား)၊ စုစုပေါင်းအစိုင်အခဲ ပါ၀င်မှုတို့သည် နွားနို့၏အရည်အသွေး၏ညွှန်ကိန်းများဖြစ်၍နွားတစ်ကောင်၏နေ့စဥ်အစာအပေါ်ထိရောက်သည့်အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်သည်။ အစာစမ်းသပ်မှုပြီးဆုံးသည့်အခါကန့်သတ်ချက်များလျော့နည်းနေပါက နေ့စဥ်ကျွေး သည့်အစာ အပြောင်းအလဲကြောင့် အနုတ်လက္ခဏာဆောင်သော ကျိုးသက်ရောက်မှုကိုညွှန်ပြခြင်းဖြစ်နိုင်သည်။

5နွားတစ်ကောင်၏ခံနိုင်ရည်စနစ်အစိတ်အပိုင်းဖြစ်သောသွေးဖြူဆဲလ်များသည် နွားနို့အတွင်းရှိ ခန္ဓာတွင်းရှိစဲလ်အရေ အတွက်အများစုကိုကိုယ် စားပြုသည်။ပက်သို ဂင်များရှိနေသည့်အခါတွင်ခန္ဓာတွင်းရှိစဲလ်အရေအတွက်များလာသည်။ ထို့ကြောင့် ခန္ဓာတွင်းရှိ စဲလ်အရေအတွက်ကိုတိရစ္ဆာန်ကျန်းမာ ရေးနှင့်နို့အရည် အသွေးကိုတိုင်းတာသည့်အတိုင်းအတာအဖြစ်အသုံးပြုကြ သည်။ ခန္ဓာတွင်းရှိ စဲလ် အရေအတွက်နည်းခြင်းသည်ကျန်းမာသည့်တိရစ္ဆာန်ဖြစ် ကြောင်းဖေါ်ပြသည်။ ခန္ဓာတွင်းရှိစဲလ်အရေအ တွက် မြင့်ပါကရောဂါကူးစက်ခြင်း နှင့်/သို့မဟုတ်မသန့်ရှင်းသောနို့အဖြင့်ညွှန်ပြခြင်းဖြစ်နိုင်သည်။

ခန္ဓာတွင်းရှိစဲလ် အရေအတွက် 5 ကိုနွားနို့အရည်အသွေးနှင့် တိရစ္ဆာန်ကျန်းမာရေးနှစ်မျိုးစလုံးကိုတိုင်း သည့်ညွှန်း ကိန်း အဖြစ်အသုံးပြုသည်။ အစာစမ်းသပ်မှုပြီးသည့်အခါတွင် မည်သည့်ခန္ဓာတွင်းရှိစဲလ် အရေအတွက် မဆိုများလာ ပါက နေ့စဥ်ကျွေး သည့်အ  စာအပြောင်းအလဲကြောင့်အနုတ်လက္ခဏာဆောင်သော ကျိုးသက်ရောက် မှုကိုညွှန်ပြ ခြင်း ဖြစ်နိုင် သည်။         

ရလဒ်များ

နို့အရည်အသွေး      

ကော်ဖီစေ့အခွံ ၂၀၀ ဂရမ်သို့မဟုတ် ၁ကေဂျီ ရှိသည့်လယ်ယာထုတ် ထပ်ဆောင်းအစာကိုမစားမီနှင့်စားပြီးသည့် နွားများ၏နို့အရည်အသွေးကိုတိုင်းတာရာတွင် စာရင်းကိန်းဂဏန်းအရ သိသာထင်ရှားသောခြားနားမှုကိုမည်သည့် တိုင်း  တာမှုတွင်မျှမတွေ့ရပါ (ပုံ၁၀)

 
EDN164 Figure 10

ပုံ ၁၀၊နွားတစ်ကောင်စီ အ တွက်ကော်ဖီစေ့အခွံ၂၀၀g နှ င့်၁kg ကိုနေ့စဥ်စုစုပေါင်း အစာအချိုး ထဲသို့စမ်းသပ်၍ ထည့်မကျွေးမီ နှင့်ထည့်ပြီးနောက်ကျွေးခြင်းတွင်အဆီ၊သဘာ၀အသားဓါတ်(ပရိုတိန်း)၊နွားနို့တွင်တွေ့ရသော သကြား(နို့သကြား)၊  စုစုပေါင်း အစိုင်အခဲ ပါ၀င်သည့်ရာခိုင်နှုန်း။

 

ဤစမ်းသပ်မှုမှနို့အရည်အသွေးကိုတိုင်းတာခြင်းများတို့သည် ထိုင်းနိုင်ငံနို့အရည်အသွေးစံနှုန်းနှင့်နှိုင်းယှဥ်နိုင်သည် (ပုံ ၁၁)၊ နို့အရည်အသွေး စစ်ဆေးခြင်း၊ ၂၀၁၀၊ နို့နှင့်နို့ထွက်ပစ္စည်း နှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုကော်မတီ၊ ၂၀၁၅)။

EDN164 Figure 11 my

ပုံ ၁၁၊ ထိုင်းနိုင်ငံ၏စံနှင့်နှိုင်းယှဥ်ထားသောပျမ်းမျှနို့အရည်အသွေးတိုင်းတာခြင်း(Milk Quality Check, ၂၀၁၀၊ Committee of Dairy Milk and Dairy Milk Products၊ ၂၀၁၅)။ တန်ဖိုးများသည် အစာဖြင့်ပြုစုမှုမတိုင်မီနှင့် ပြီးစီးသည့်အခါရရှိ သော ပျမ်းမျှရလဒ်များမှ ဖြစ်သည်။

မွေးမြူရေးတိရစ္ဆာန် ကျန်းမာရေး     

ထို့အပြင် ကော်ဖီစေ့အခွံဖတ် ၂၀၀ ဂရမ်သို့မဟုတ် ၁ကေဂျီ ရှိသည့်လယ်ယာ-ထုတ် ထပ်ဆောင်းအစာကိုမစားမီနှင့် စားပြီး သည့်နွားများ၏ခန္ဓာတွင်းရှိစဲလ်အရေအတွက်ကိုတိုင်းတာရာတွင်စာရင်းကိန်းဂဏန်းအရသိသာထင်ရှားသော ခြားနားမှုကိုတိုင်းတာမှုအားလုံးတွင်မတွေ့ရပါ။စမ်းသပ်မှုအားလုံးတို့တွင်ခန္ဓာတွင်းရှိစဲလ်အရေအတွက်များသည်နို့စိမ်း အတွက် ထိုင်းနိုင်ငံ စိုက်ပျိုးရေးစံချိန် သတ်မှတ်ချက်အတိုင်းအတာဖြစ်သည့် ၅၀၀,၀၀၀ စဲလ်/မီလီ  အောက် တွင်ရှိ သည်(စိုက်ပျိုးရေးဆိုင်ရာကုန်ပစ္စည်းနှင့်အစားအသောက်ဆိုင်ရာစံနှုန်းများ နယ်ရှင်နယ် ဘရူရို၊ ၂၀၁၀)။ (ပုံ ၁၂)

EDN164 Figure 12 my

(ပုံ ၁၂) နွားတစ်ကောင်စီအတွက် ကော်ဖီစေ့အခွံဖတ် ၂၀၀gနှင့် ၁kgကိုနေ့စဥ်စုစုပေါင်းအစာအချိုးထဲသို့စမ်းသပ်၍ထည့်မကျွေးမီ နှင့် ထည့်ပြီးနောက်ကျွေးခြင်းတွင် စုစုပေါင်း ခန္ဓာတွင်းရှိစဲလ်အရေ အတွက်ပါ၀င်သည့်ရာခိုင်နှုန်း၊

စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု

ကော်ဖီစေ့အခွံဖတ်များမှအမျှင်များကိုအစာများတွင်ပေါင်းထည့်ခြင်းအားဖြင့်လယ်ယာတွင်ပြုလုပ်သည့်အစာများ တွင်ထည့်ရမည့်အမျှင်ဓါတ်ပါသောအစာများကို၀ယ်ယူမှုပမာဏအားလျော့နည်းစေသည်(ဇယား ၁)။ ဤသို့ပြုလုပ် ခြင်း ဖြင့်ကျွန်ပ်တို့ထုတ်လုပ်သည့်လယ်ယာတွင်ပြုလုပ်သည့်အစာ ၁၃၀၅ ကေဂျီတိုင်းတွင် ၁၀%သက်သာစေသည်။ ကော်ဖီစေ့အခွံဖတ်များဖြင့်အစာများကိုအစားထိုးခြင်းအားဖြင့်ကျွန်ပ်တို့သည်တစ်လတာကြာသည့်အခါတွင်နွားတစ် ကောင်အပေါ် ၌ USD $၅၀ သို့မဟုတ် USD $၂.၅၀ စုဆောင်းနိုင်သည်။

ဆွေးနွေးခြင်းနှင့်သုံးသပ်ချက်များ

သတ်မှတ်ထားသည့်အချိုးအစားအတိုင်းကော်ဖီစေ့အခွံဖတ်များကိုနို့စားနွားအစာများတွင်ပေါင်းထည့်ခြင်းအားဖြင့် နို့စား နွားမွေးမြူသောလယ်သမားများ၏ကုန်ကျစရိတ်လျော့နည်းစေ၍ ကော်ဖီမှရသည့်ဘေးထွက်စွန့်ပစ်ပစ္စည်းများ အတွက်စျေးကွက်ကိုလည်းဖန်တီးပေးနိုင်သည်။ ကျွန်ပ်တို့၏ရလဒ်များမှ နို့စားနွားတစ် ကောင်အားနေ့စဥ်စားသော အစာတွင်ဖြည့်စွက်စာအဖြစ် ကော်ဖီစေ့အခွံဖတ် ၁ ကေဂျီအထိထည့်ကျွေးခြင်းဖြင့်နို့အရည်အသွေး သို့မဟုတ် မွေးမြူသောတိရစ္ဆာန်အား အနုတ်လက္ခဏာဆောင်သည့်အကျိုးသက်ရောက်ခြင်းမရှိသည်ကိုတွေ့ရှိရပါသည်။ နွားများသည် ကော်ဖီစေ့ခွံဖတ်ကိုမစားရန်မိမိတို့ကိုယ်တိုင်ရွေးချယ်ကြသည်၊ အခြားသောလယ်ယာ-ထုတ်အ စာများဖြင့်ရောနှောထားသည့်အစာကိုပို၍နှစ်သက်ကြသည်။

ကျွန်ပ်တို့အနေဖြင့်နောင်လာမည့်သုတေသီများအား  ကော်ဖီစေ့အခွံ ၁ ကေဂျီကို ဖြည့်စွက်စာအနေဖြင့်အသုံးပြုကာ ပိုမိုကြာရှည်သည့်အချိန်အတွက်သုတေသနပြုရန်အကြံပြုလိုပါသည်။ အချိန်ကြာရှည်စွာကျွေးခြင်းအတွက်ဖြစ်နိုင် ခြေရှိသည့်အကျိုးသက်ရောက်မှုများကိုအကဲဖြတ်ရန်ဖြစ်သည်။

မှီငြမ်းချက်များ  References

[Committee of Dairy Milk and Dairy Milk Products. Thai Raw Milk Standards for Buyers]. 2015. In: Dairy Farming Promotion Organization of Thailand website. Announcedpurchaserawmilk2015.pdf (dpo.go.th)

Didanna, H.L. 2014. A critical review on feed value of coffee waste for livestock feeding. World Journal of Biology and Biological Sciences. 2(5):72-76.

FAOSTAT. Crops and Livestock Products. Accessed May 14, 2024. https://www.fao.org/faostat/en/#data/QCL.

Mazzafera, P. 2002. Degradation of caffeine by microorganisms and potential use of decaffeinated coffee husk and pulp in animal feeding. Scientia Agricola. 59(4):815-821. 

[“Milk Quality Check”] [Chapter 2]. 2010. http://cmuir.cmu.ac.th/bitstream/6653943832/19793/5/anim1049rs_ch2.pdf

National Bureau of Agricultural Commodity and Food Standards. 2010. Thai Agricultural Standard: Raw Cow Milk. 2010. In: Royal Gazette Vol. 127:131 D. https://faolex.fao.org/docs/pdf/tha166328.pdf.

Negesse, T., H.P.S. Makkar, and K. Becker. 2009. Nutritive value of some non-conventional feed resources of Ethiopia determined by chemical analyses and an in vitro gas method. Animal Feed Science and Technology. 154(3-4):204-217.

Vilela, F. G., J.R.O. Perez, J.C. Teixeira, and S.T. Reis. 2001. Use of sticky coffee hull for feeding of steers in feedlots. Ciencia e Agrotecnologia, 25 (1):198-205.

Cite this article as:

Ribich, J., P. Trail, B. Thansrithong, and A. Bicksler. 2024. Coffee Parchment as a Feed Supplement for Dairy Cattle. ECHO Development Notes no. 164.