[အယ်ဒီတာမှတ်ချက်-ဘင်ဂျာမင် ဖစ်ရှာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအလယ်ပိုင်းတွင်ရုံးတွင်းအခြေစိုက်သည့် ယခင်ဖွံ့ဖြိုးရေး၀န်ထန်းတစ်ဦးဖြစ်သည်။ ဤထူးခြားသည့်သီးခြားအကြောင်းအရာကိုသင်ယူလိုသောဆန္ဒရှိသဖြင့် ဘင်သည် မတုပ်သောပျားမွေးမြူခြင်းအတွက်(သူ၏အခြေအနေအပေါ်တွင်မူတည်၍) ယေဘူယျလမ်း ညွှန်အဖြစ် ဗာခယူးကိုတွေရှိခဲ့သည်။ အောက်တွင်ဖေါ်ပြထားသည့်အချက်အလက်ရင်းမြစ်များသည် သူ၏ကြိုးစားအား ထုတ်မှု မှဖြစ်၍အရှေ့တောင်အာရှတွင်နေထိုင်ကြသူများ—နှင့် အတိအကျပြောရမည်ဆိုလျှင် ဂျားဗားကျွန်းတွင်နေ ထိုင်သူ များ-အတွက်မတုပ်သော ပျားမွေးမြူခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို လက်ခံနိုင်ဘွယ်ရှိ၍ဖတ်ရှု နိုင်သည့် ပုံစံဖြင့်စုစည်းရေးသားထားခြင်းဖြစ်သည်။ စုစည်းထားသောအချက်အလက်များသည်ခြုံငုံတင်ပြခြင်းနှင့် နိဒါန်းပျိုး ခြင်းအတွက်ရေးသားထားခြင်းဖြစ်၍—မှီငြမ်းရန်အတွက်ကျယ်ပြန့်သောလမ်းညွှန်မဟုတ်ပါ။ ထပ်ဆောင်း အ ကြောင်း အရာများကိုဖတ်နိုင်ရန်အတွက်နောက်ဆုံးစာမျက်နှာတွင်ဖေါ်ပြထားပါသည်။]
နိဒါန်း
မတုပ်သောပျားမွေးမြူခြင်းသို့မဟုတ်မက်လီပိုနီကားချား(Meliponiculture)မတုပ်သောဒေသဇာတိပျားများမွေးမြူ ၍စီမံခန့်ခွဲခြင်း)မက်လီပိုနိနိ အနွယ်မှပျားများကိုမွေးမြူခြင်းဖြစ်သည်။ မတုပ်သောပျားများတွင်မျိုးစိတ်ရာပေါင်းများ စွာရှိ၍အပူပိုင်းဒေသ/အာရှတိုက်အပူပိုင်းနှင့်သြစတြေးလျနှစ်နေရာတွင်ပင်လျှင်မျိုးစိတ်ပေါင်း၈၉မျိုးရှိနိုင်သည်(ရာပ်မူစန်၊ ၂၀၀၈)၊များစွာတို့သည်ပျားရည်ကိုထုတ်နိုင်၍၎င်းတို့သည်ဒေသတွင်းပေါက်သည့်ဇာတိပျားများနှင့်မျိုးစိတ်လုံး၀ ခြားနားသည်( အာပစ် မဲလ်လိဖီရာ နှင့် အာပစ် စီရာနာ အင်ဒီကာ)။ မတုပ်သောပျား များတွင်တုပ်နိုင်သည့်အရာများ ရှိနေသေး၍၎င်းတို့သည်သေးငယ်၍အရွယ်မရောက်သေးသဖြင့်လူတစ်ဦးအားမတုပ်နိုင်သည့်အခြေအနေကိုဖြစ်စေသည်-ထိုနည်းအားဖြင့်သူတို့သည်သူတို့အားခေါ်၀ေါ်သည့် အမည်ကိုရရှိခြင်းဖြစ်သည်။သို့သော်သူတို့သည်ကိုက်နိုင်ပါ သေးသည်(အတိုင်းအတာတစ်ခုအထိ-နာကျင်ခြင်း မရှိပါ)၊ ပျားရည်ယူသောသူများ၏မျက်စေ့များ သို့မဟုတ်နားများ ကို စပ်ဖျဥ်းဖျဥ်းဖြစ်အောင်ကြိုးစား၍လုပ်ကြလိမ့်မည်။မတုပ်သောပျားများကိုနှစ်ထောင်ပေါင်းများစွာကတည်းကပင် မွေးမြူကြ သည်-ဥရောပကိုလိုနီနယ်ချဲ့ သူများနှင့် စူးစမ်းလေ့ လာသူများမှမိတ်ဆက်ပေးခြင်းမတိုင်မီကပင် သာမန်-ပျားလုံး၀မရှိသည့်အပူပိုင်း ကမ္ဘာ သစ်များတွင် မှတ်သားဘွယ်လောက်အောင်တွေ့နိုင်သည်။ သုတေသနပြုရန်နှင့် တိုးတက်မှုဖြစ်စေရန်အတွက်အကြောင်းအမျိုးမျိုးကြောင့်မတုပ်သောပျားများသည် သာမန်-ပျားများလောက်စိတ် ၀င်စားခံရခြင်းမရှိခဲ့ပါ။
မတုပ်သောပျားများမှရရှိသည့်ပျားရည်များတွင်ရေပါ၀င်မှုသည်ဒေသဇာတိပျားမျိုးစိတ်ထုတ်သည့်ပျားရည်တွင်ပါ သည့်ရေထက်ပိုများသည်။ဒေသဇာတိပျားမျိုးစိတ်ကိုစုသိမ်းသည့်အခါရေပါ၀င်မှုသည်အများအားဖြင့်၂၀%၊ မတုပ် သောပျားများ၏ပျားရည်တွင်မူပျမ်းမျှအားဖြင့်၃၀%ပါ၀င်သည်၊သို့သော်မျိုးစိတ်များအပေါ်တွင်မူတည်၍ ၂၀ မှ ၄၅% ပါ၀င်နိုင်ပါသည်။ပျားရည်တွင်ရေပါ၀င်မှုပိုမြင့်ခြင်းအကြောင်းမှာ၎င်းသည်သဘာ၀ကစော်ဖေါက်သည့်ဖြစ်စဥ်မှတ ဆင့်ဖြတ်ကျော်ရခြင်းကြောင့်ဖြစ်သည်—ထို့ကြောင့် မတုပ်သောပျားများ၏ပျားရည်တွင်စူးရှသည့်အချဥ်အ ရသာရှိ၍ ထိုသို့ဖြစ်ခြင်းမှာကစော်ဖေါက်သည့်ဖြစ်စဥ်တလျောက် အစဲနစ် အက်စစ်(ဗင်နီကာ/ရှာရကာရေ) သို့မဟုတ်လက်တစ် အက်စစ်ကြောင့်ဖြစ်နိုင်ခြေများသည်။ဤကစော်ဖေါက်သည့်ဖြစ်စဥ်ဖြစ်ပေါ်ရခြင်းမှာတဆေးနှင့်ဘက်တီးရီးယားကဲ့သို့သော မိုင်ခရုဘ်များရှိ နေသောကြောင့်ဖြစ်သည် —အများစုမှာပရိုဘိုင်အောတစ်များ ဖြစ်သည်။ဤသို့ရေများခြင်း ၏အဓိပ္ပါယ်မှာမတုပ်သောပျား၏ပျားရည်သည်ပျက်စီးနိုင်၍ပျားစင်တွင် သက်တမ်းပို၍ကြာကြာထားရမည်ဆိုပါက သတ်မှတ်အပူချိန်ထိအပူပေး၍ပိုးသတ်သင့်သည်။ အခိုင်အမာပြနိုင်သည့်ကျမ်းမာရေးအကျိုးကျေးဇူးများလည်းရှိပါ သည်၊ အချို့သောသုတေသနများတွင်ဤသို့ အခိုင်အမာပြောဆိုခြင်းသည်မုချဖြစ်နိုင်သည်ဟုဖေါ်ပြပါသည် — ဖြစ် နိုင်ခြေရှိသည့်ပန်းကရိယကိုကာကွယ်ခြင်းမှတဆင့်ဆီးချိုရောဂါ-ကာကွယ်ခြင်းနှင့်ဆိုင်သောပစ္စည်းများအပါအ၀င် ဖြစ်သည်။မတုပ်သည့်ပျားများ၏ပျားရည်ကိုအများအားဖြင့်ဒေသဇာတိပျားများ၏ပျားရည်ထက်စျေးပိုမြှင့်၍ရောင်းကြသည်( အာဇစ်(စ) နှင့်အခြားသောသူများ၊ ၂၀၁၇)။
အချို့သောမတုပ်သည့်ပျားမျိုးစိတ်များသည်တနှစ်လျှင်ပျားရည်နှစ်ကီလိုဂရမ်အထိသာထွက်၍အခြားသောမျိုးစိတ်များမှာအထွက်ပို၍ပင်နည်းသည်။ဤအရာသည်ဒေသဇာတိပျားအုံများမှထွက်နှုန်းထက်သိသာစွာပို၍နည်းသည်— ဤသည်မှာပျားရည်တစ်ကီလို၏စျေးနှုန်းပိုမြင့်ရခြင်းအကြောင်းရင်းများအထဲမှတစ်ခုဖြစ်သည်။မတုပ်သောပျားများသည်လည်းဒေသဇာတိပျားများထက်ပန်းအမျိုးများစွာတို့ထံသို့အလည်အပတ်သွားသည်၊ သို့သော်မျိုးစိတ်များစွာတို့ တွင်မတူသောမျိုးစိတ်များသည်သီးခြားအပင်မျိုးစိတ်(မိသားစု)၏ပန်းများရှိရာသို့အလည်အပတ်သွားသည်ဟုသုတေသနမှဖေါ်ပြသည်။
မတုပ်သောပျားအများစုသည် ဇာတိပျားမျိုးစိတ်များကဲ့သို့ ပျားဖယောင်းမှခြောက်ဒေါင့်ရှိသော စဲလ်များကိုမလုပ်ပါ။ ၎င်းတို့သည် ပရိုပိုလစ်ပြုလုပ်ရန်အတွက်အပင်အင်တွဲများကိုအသုံးပြုကြသည်။(ပရိုပိုလစ်(pro polis) -ဇာတိပျား များမှပြုလုပ်သည့်ဓါတ်ပေါင်း(ကွန်ပေါင်း)ဖြစ်၍”ပျားကော်(‘Bee Glue.’)”ဟုအများအားဖြင့်သိကြသည်။ မတုပ်သော ပျားများထုတ်သည့်ပရိုပိုလစ်တွင်ဒေသပျားများထုတ်သည့်ပရိုပိုလစ်ထက်ဖယောင်းပိုများသဖြင့်တစ်ခါတစ်ရံနဖါချေးဟုတင်စားခေါ်၀ေါ်ကြသည်။ဤပစ္စည်းသည်ပျားရည်များကိုသေးငယ်သည့်”အိုးများ”တွင်သီးသန့်ထားတတ်၍အ ပေါက်များကိုအလုံပိတ်ပေးသည်၊ပျားအုံအတွင်းတွင်အခြားသောဖွဲ့စည်းတည်ဆောက်မှုများကိုဖန်တည်းသည်၊ပျားများမှဖယ်ရှားရန်ကြီးလွန်းသည့် ကျူးကျော်လာ၍သေသွားသော တိရစ္ဆာန်များကိုမြုပ်ပစ်သည်(ဥပမာ-ကြွက်၊ အခြား သောပို၍ကြိးသည့်အင်းဆက်ပိုးအစရှိသည်ဖြင့်။)ပိရိုပိုလစ်များသည်မှောင်သောအရောင်ရှိ၍၎င်းတို့အားစုစည်းသိမ်းယူနိုင်သည်၊လူသားများသည်၎င်းအားမျိုးမျိုးအသုံးချနိုင်သည်။၎င်းကိုသစ်သားများအားသုတ်ရန်အတွက်သုတ်ဆေးအဖြစ်အသုံးပြုနိုင်သည်၊၎င်းကိုအလှပြင်ပစ္စည်းများတွင်အသုံးပြုနိုင်၍စားသုံးပါကလည်းကျန်းမာရေးအတွက်အကျိုးများစွာရှိသည့်သက်သေအထောက်အထားများစွာရှိသည်။ပရိုပိုလစ်များသည် အင်တီ-ဗိုင်းရပ်စ်ပိုး နှင့် အင်တီ-ဘက်တီးရီးယားဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ အချို့ သောသုတေသနများမှပရိုပိုလစ်သည့်ကင်ဆာရောဂါတိုက်ဖျက် ရေးနှင့် ကာကွယ်ရေးတို့တွင်ထိရောက်မှုရှိနိုင်သည်ဟုဖေါ်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင်ကျွန်ပ်အားပရိုပိုလစ်ကို ဆေး၀ါးအဖြစ်သုံးသည်သာမကကင်ဆာရောဂါခံစားနေရသောလူနာများအားဆေးအဖြစ်ညွှန်းသည်ဟုပြောပြကြ သည်။
[အယ်ဒီတာမှတ်ချက် - ဤအကြောင်းအရာနှင့်ပတ်သက်သည့်မေးခွန်းများ၊ မှတ်ချက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေး အတွေ့အကြုံအတွက် echocommunity တွင်ပါသည့် ‘conversations’ forum Meliponiculture: Stingless Beekeeping ကိုကြည့်ပါ။]
ဂျားဗားရှိ မတုပ်သောပျားများ
ဂျားဗားကျွန်းအပေါ်တွင်မတုပ်သောပျားမျိုးစိတ်မည်မျှရှိသည်-နှင့်ပတ်သက်သည့်အချက်အလက်များသည်ကွဲပြား လျက်ရှိသည်။အွန်လိုင်းပေါ်တွင်ကျွန်ပ်တွေ့ရှိခဲ့သည့်အချက်တခုတွင်ဂျားဗားကျွန်းတွင်မျိုးစိတ်ခြောက်မှကိုး(ထိုထက်မက)ရှိသည်ဟုဆိုထားပါသည်။သို့သော်ခြောက်ခုအထိသာစာရင်းပြုနိုင်ခဲ့သည်။ ဤမျိုးစိတ်များတွင်ဂျီနီယိုထရိုင်ဂိုနာ သိုရာစီကာ(Geniotrigona thoracica)၊ဟီတဲရိုထရိုင်ဂိုနာ အိတာမာ(Heterotrigona itama)၊ လိပိဒိုထရိုင်ဂိုနာ တာမိနာတာ(Lepidotrigona terminate)၊ တဲထရာဂိုနုလာ ဒရက်ချိရီ (Tetragonula drescheri)၊ တဲထရာဂိုနုလာ လိုင်ဗီစက်(Tetragonula laeviceps)နှင့် တဲထရီဂိုနာ အာပီကာလစ် (Tetrigona apicalis ) တို့ဖြစ်သည် (ပန်ဂက်စ် တီကာ နှင့်အခြားသောသူများ၊ ၂၀၁၇။)
ဤပျားအားလုံးတို့သည်အရွယ်အစားကွာခြားကြသည်၊ ဟီတဲရိုထရိုင်ဂိုနာ အိတာမာနှင့် တဲထရီဂိုနာ အာပီကာလစ် မျိုးစိတ်များနှင့်အများစုအလုပ်လုပ်ကြသည်၊ထိုမျိုးစိတ်နှစ်မျိုးစလုံးတို့သည်၅မမအရှည်ရှိ၍ထိုမျိုးစိတ်နှစ်မျိုးတွင် မှတ်သားလောက်ဘွယ်သောထူးခြားချက်မှာ တီ အာပီကာလစ်၏အတောင်တွင်အရာင်နှစ်မျိုးပါခြင်းဖြစ်သည်။ အောက်ဖေါ်ပြထားသည့်ပုံ(ပုံ ၃)တွင် မတုပ်သောပျားမျိုးစိတ်သုံးမျိုးကိုနှိုင်းယှဥ်ဖေါ်ပြထားသည်ကိုတွေ့ရပါမည်—အားလုံးကိုဂျားဗားကျွန်းတွင်တွေ့ရပါသည် — အာရှေဒသဇာတိပျားများနှင့်ဘေးချင်းယှဥ်လျက်တွေ့ရပါသည်။ ကျွန်ပ် အနေဖြင့်အတွေ့အကြုံအများဆုံးရှိခဲ့သည်မှာ တီ ဒရက်ချိရီ ဖြစ်သည်၊သို့သော်ယခုအခါတွင်ကျွန်သေချာမသိတော့ပါ၊ ဤမျိုးစိတ်သည်အထက်တွင်ဖေါ်ပြသည့်ပျားမျိုးစိတ် များထက်ပို၍သေးငယ်သည်။ ၎င်းတို့၏အရွယ်နှင့်ပတ်သက်၍ ဖေါ်ပြရမည်ဆိုလျှင် — ဤဒေသတွင်ရှိသည့်မတုပ် သည့်ပျားများကိုလူအများကယင်ကောင်အသေးစား သို့မဟုတ် မှက်နှင့် မှားတတ်ကြသည်။
အချို့သောဤမျိုးစိတ်များကိုအင်ဒိုနီးရှားနိုင်ငံရှိအခြားသောကျွန်းများတွင်လဲတွေ့နိုင်သည်၊အချို့တို့ကိုအရှေ့တောင် အာရှရှိအချို့သောနိုင်ငံ - ကမ်ဘောဒီးယား၊ မလေးရှားနှင့်စင်ကာပူနိုင်ငံများအပါအ၀င် -များတွင်ပင်တွေ့ နိုင်သည်။ အင်ဒိုနီးရှားတွင်တွေ့ရသောမျိုးစိတ်အချို့တို့ကို၀ေးလှသောအိန္ဒိယနိုင်ငံအထိပင်တွေ့နိုင်သည်။ကျွန်ပ်သည်အင်ဒိုနီး ရှားနိုင်ငံ၊ ဘိုဂါမြို့(မြို့တော်ဂျာကာတာနှင့်နီး၍-ဂျားဗားကျွန်းပေါ်တွင်ရှိသည်)တွင်ရှိသောတက္ကသိုလ်တစ်ခုကိုဆက် သွယ်ရန်စီစဥ်ပါသည်၊ အွန်လိုင်းမှတဆင့်ကျွန်ပ်ရရှိသောအချက်အလက်များမှာပြည့်စုံမှုမရှိသောကြောင့်ထိုနေရာမှ ထပ်ဆောင်းအချက်အလက်များရနိုင်ရန်ကြိုးပမ်းခြင်းဖြစ်သည်(အဂ်လိပ်ဘာသာ သို့မဟုတ် အင်ဒိုဘာသာဖြင့်)။
ဖမ်းဆီးသည့် ကိုလိုနီ နှင့် အုံဖွဲ့စည်းတည်ဆောက်ပုံ
ပျားများ၏အရွယ်အစားနှင့်သိမ်းယူနိုင်သည့်ပျားရည်အပေါ်တွင်မူတည်၍ကျွန်ပ်အနေဖြင့်ဆင်ခြင်သုံးသပ်ကောက် ချက်ချရမည်ဆိုလျှင် မတုပ်သောပျားများသည်ဒေသဇာတိပျားများထက်အုံများကိုဆောက်ရာတွင်များစွာပို၍သေး ငယ်သည်။အများအားဖြင့်—ဂျားဗားရှိမတုပ်သောပျားများနှင့်—၎င်းတို့၏အုံများကိုမြင့်သော၀ါးများ၊ သစ်တော၊ ကျောက်တုံးသို့မဟုတ်အုတ်နံရံများသို့မဟုတ်မည်သည့်အပေါက်ငယ်တွင်မဆိုတွေ့ရှိနိုင်သည်။ ၎င်းတို့ကိုအိမ်တွင် အသုံးပြုရန်သိုမဟုတ်မွေးမြူရေးစနစ်အတွက်အသုံးပြုရန်လူ-လုပ်ပျားအုံအဖြစ်ပြောင်းလဲမွေးမြူရန်ဖမ်းနိုင်သည့် နည်းများစွာရှိပါသည်။
အခြေခံအားဖြင့်ပျားအုံအရိုင်းများကို လူ-လုပ်သောပျားအုံစနစ်သို့ပြောင်းလဲသည့်နည်းမှာအလွန်လွယ်ကူပါသည်။ ပျားအုံအရိုင်းများကိုတွေ့ရှိပါကမည်မျှလွယ်ကူစွာဖမ်းနိုင်မည်ကိုအကဲဖြတ်သင့်ပါသည်၊ ဥပမာ-ပျားအုံသည်သစ်သား အပိုင်းအစ၊၀ါးထိပ်၊သို့မဟုတ်လူလုပ်သည့်ပလပ်စတစ် သို့မဟုတ် ဗူးတွင်စွဲနေပါသလား။ သို့ဖြစ်ပါက ၎င်းကိုဖယ်ရှား ရန်အတွက်အိမ်ပစ္စည်းများကိုဖွင့်ရန်လိုအပ်လာပါသည်။ပျားအုံ၏အဓိကအပိုင်းများကိုဖယ်၍ လူ-လုပ်သည့်ပျားအုံအ သစ်တွင်ထည့်သည်။
အထက်ဖေါ်ပြပါပုံ(ပုံ ၄) တွင်ကျွန်ပ်တို့သည် သာမာန်လူ-လုပ် သစ်သားပျားအုံ၏အတွင်းပိုင်းတည်ဆောက်ပုံ နမူနာ ကိုတွေ့ရမည်။ ဖွဲ့စည်းထားပုံမှာ သာမန်ပျားအုံနှင့်ဆင်တူ၍ ခြားနားချက်မှာဖယောင်းအစားပရိုပိုလစ်နှင့်တည်ဆောက် ထားခြင်းဖြစ်သည်။ ဤပျားအုံ၏အ၀င်ပေါက်ကိုအထက်တွင်ဖေါ်ပြထားသည့်ပုံတွင်တွေ့ရမည်(မြင်ကွင်း ဖြင့်ဖေါ်ပြ ထားခြင်းမဟုတ်ပါ)။ ပိုလန်—ပိုးတောင်မာများအတွက်ပရိုတင်းအစာရင်းမြစ်—ကိုစုစည်းနိုင်ရန်ဖွဲ့စည်း ထားသည်။ ပုံတွင်ပြထားသည့်အဖြူရောင်ဆဲလ်များသည် ပျားအုံအတွင်ရှိနောက်ထပ်ဖွဲ့စည်းပုံကိုဖေါ်ပြထား၍အရွယ်ရောက်လု နီးပါးပျားပိုးတောင်မာပါ၀င်သည့်ဆဲလ်များဖြစ်သည်၊၎င်းတို့ကိုမတုပ်သည့်ပျားအုံများနှင့်သာမာန်ပျားအုံများနှစ်မျိုးစလုံးတွင်”ပေါက်ဖွားသည့် ဆဲလ်များ”ဟုရည်ညွှန်းခေါ်ဆိုကြသည်။မျိုးစိတ်အများစုတွင်ထိုဆဲလ်များ၌ ပို၍နုသောပိုး တောင်မာပါ၀င်နေပါက မှောင်(ရင့်)သောအရာင်ရှိ သည်—အဖြူရောင်ဆဲလ်များမှာ”ပေါက်ဖွားခြင်း”သည်ပိုးတုံးလုံး အဖြစ်သို့ရောက်ရန်နီးကပ်လာသည်ကိုဖေါ်ပြသည်။ မျိုးစိတ်များအပေါ်တွင်မူတည်၍ ပျားတစ်ကောင်ဖြစ်လာရန်အတွက် ၃၅-၅၀ ရက်ခန့်ကြာသည်။
ပျားအုံများတွင်တတိယနှင့်နောက်ဆုံးတည်ဆောက်ပုံများမှာ “ပျားရည်အိုးများ(honey pots)”ဖြစ်သည်။ ဤနေရာ သည်မတုပ်သောပျားများကိုသိုလှောင်သည့်နေရာဖြစ်၍၀င်ပေါက်နှင့်အ၀ေးဆုံးနေရာဖြစ်သည်။ သာမာန်ပျားများကဲ့ သို့ပင် ဤအမူအကျင့်ကို ပျားရည်”စူပါ” ဖွဲ့စည်းပုံများမှတဆင့်ပျားဘုရင်မအားတားဆီးသည့်ပစ္စည်းများနှင့်အတူ အသုံးပြု ခြင်းဖြင့်အမြတ်ထုတ်နိုင်သည်။ထိပ်တန်း(စူပါ)ဖွဲ့စည်းပုံများသည် လူ-လုပ်ပျားအုံများဖြစ်၍ ပျားရည်ထိပ် တန်း (စူပါ)ဖွဲ့စည်းပုံများသည်ပျားရည်များသာပါရန်ပြုလုပ်သည့်ဖွဲ့စည်းပုံဖြစ်သည်။ အသိုက်အမြုံဆဲလ်များကို ပလပ် ထားရန်အတွက်ပျားဘုရင်မအားတားဆီးသည့်ပစ္စည်းကိုအသုံးပြုခြင်းမှတဆင့်ပြုလုပ်ကြသည်။သာမာန်ပျားနှင့်မတုပ်သောပျားနှစ်မျိုးစလုံးတွင်ပျားဘုရင်မများသည်လုပ်သားပျားများထက်ပို၍ကြီးသည်။ဆိုလိုသည်မှာလုပ်သားပျားများသွားလာနိုင်ရန်ကျယ်သည့်တည်ဆောက်ပုံဖြစ်ရန်လိုအပ်သည်—သူတို့သည်ပျားရည် ကိုသယ်ဆောင်သူများဖြစ် သည် —သို့သော်ပျားဘုရင်မများမ၀င်နိုင်လောက်အောင်သေးငယ်သောအဆောက်အအုံဖြစ်ရမည်။ ပျားဘုရင်မများမ၀င်နိုင် ပါကထိုအကန့်တွင်အသိုက်အမြုံမရှိနိုင်ပါ-ပျားဘုရင်မများသည်အသိုက်အအုံ ဆဲလ်များထဲသို့ဥများဥချသူများဖြစ် သောကြောင့်ဖြစ်သည်။
မတုပ်သည့်ပျားမျိုးစိတ်အချို့တို့၏ပျားအုံများ၏သဘာ၀နှင့်ပြန်လည်ထုတ်လုပ်ခြင်းဆိုသည်မှာ အရွယ်ရောက်သည့် ပျားတစ်ကောင်၊အသက်ရှင်နေသည့်ပျားဘုရင်မနှင့်လာဗာဘုရင်မများနှင့်ပျားဘုရင်မတစ်ကောင်သို့မဟုတ်နှစ်ကောင်ရှိသည့်ဆဲလ်များ၊ သို့မဟုတ် အရွယ်ရောက်သည့်ပျားဘုရင်မနှင့် ပျားဘုရင်မအပျိုတစ်ကောင်သို့မဟုတ် နှစ်ကောင်ရှိ နိုင်ခြင်းကိုဆိုလိုသည်။ ဆိုလိုသည်မှာပျားအုံအရိုင်းတစ်အုံမှပျားအုံနှစ်အုံသို့မဟုတ်သုံးအုံတည်ဆောက်နိုင်ခြင်းဖြစ် သည်။ လူ-လုပ်ပျားအုံတစ်ခုစီတွင်မူလကိုလိုနီမှ ပိုလန်၊အသိုက်အမြုံ၊နှင့်ပျားရည်တည်ဆောက်ဖွဲ့စည်းမှုအစိတ်အပိုင်း တစ်ခုလိုအပ်သည်။
အသေစွဲထားသောဖွင့်ထုတ်၍မရနိုင်သည့်ပျားအုံကိုဖယ်ရှားသည့်အခါ၊ ကျောက်၊ အဂ်တေ၊ သို့မဟုတ် အုတ်နံရံ-ပြုလုပ်ရမည့်အစီအစဥ်သည်ပို၍ခက်ခဲလာသည်။ အခြေခံအားဖြင့်(သာမာန်ပျားတွင်လဲအသုံးပြုနိုင်သော)ပျားအုံ အ၀င်ပေါက်ကိုပိတ်၍ပြွန်သို့မဟုတ်ပိုက်ဖြင့်အဖွင့်တည်ခုတည်းသာလုပ်၍၎င်းမှတဆင့်လူ-လုပ်ပျားအုံ၏ကျောဘက် သို့ဆက်သွယ်ခြင်းဖြစ်သည်။ဤပြွန်သည်အရှည် ၃၀-၅၀ စမရှိရမည်။ပိုက်၏ရည်ရွယ်ချက်မှာလူ-လုပ်ပျားအုံအ ပေါက်၀မှတဆင့်အ၀င်ပေါက်အသစ်တစ်ခုပြုလုပ်ရန်ဖြစ်သည်။ပျားများသည်ပိုက်ကိုထွက်ပေါက်အဖြစ်အသုံးပြု၍လူ-လုပ်ပျားအုံသို့ရွှေ့သွားမည်၊ထိုသို့ပြုလုပ်ခြင်းမှာအဆင်ပြေမှုရှိ၍ပျားအုံအပေါက်၀နှင့်အနီးကပ်ဆုံးဖြစ်သော ကြောင့်ဖြစ်သည်။ဤသို့ပြောင်းရွှေ့ခြင်းသည်ခြောက်လမှတနှစ်ကြားကြာတတ်သည်။အချိန်ပိုကြာရခြင်းအကြောင်း မှာယခင်အသိုက်အမြုံ/၀ပ်သောအကောင်များသည်ပျားဘုရင်မမှ လူ-လုပ်ပျားအုံရှိအခြားသောအသိုက်ဆဲလ်သို့ မ ပြောင်းမှီဖွံ့ဖြိုးကြီးရင်ပြီးအရွယ်ရောက်သည့်ပျားဖြစ်ရန်လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ အောက်ပါတို့သည် ဥပမာများဖြစ်သည်-နံရံများမှပျားအုံကိုဖယ်ရှားခြင်းဆိုင်ရာအချက်အလက်များနှင့်ရုပ်ပုံအားလုံးတို့သည် Stingless Bees Part 2 – Getting Bees out from a Wall ခေါင်းစဥ်ပါဗွီဒီယိုမှဖြစ်ပါသည်(ဘီနု၊ ၂၀၁၆)။
ယခုအခါတွင်ကျွန်ပ်တို့သည်နံရံမှဖယ်ရှားသည့်နည်းကိုစမ်းသပ်နေဆဲဖြစ်သည်၊ ဤအချက်အလက်ရင်းမြစ်များသည် အိန္ဒိယနိုင်ငံ ကယ်ရာလာကိုအခြေပြုထားသည်— ဆိုလိုသည်မှာဤတိုင်းတာတွက်ချက်မှုများသည့်ကျွန်ပ်တို့ဒေသ မျိုးစိတ်နှင့်ကိုက်ညီမှုမရှိသည်လည်းဖြစ်နိုင်ခြင်းဖြစ်သည်။ ယခုကျွန်ပ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်နံရံမှပျားအုံများ ကိုဖယ်ရှားသည့်နည်းများကိုမူမသိသေးပါ။ဤအပိုင်း၏အထက်နားတွင်ဖေါ်ပြထားသည့်ပျားအုံဖယ်ရှားသည့်ပုံများသည်လည်းအိန္ဒိယနိုင်ငံ ကယ်ရာလာကိုအခြေ ပြုထားသောဗွီဒီယိုမှဖြစ်သည်၊သို့သော်အင်ဒိုနီးရှားမှအရည်အသွေး ပိုညံ့ သည့်ဗွီဒီယို(ကျွန်ပ်တို့နေထိုင်သည့်ဂျားဗားအလယ်ပိုင်း)နှင့်နှိုင်းစာပါက အိန္ဒိယမှရေးဆွဲထားသောပုံများနှင့်ကွာ ခြား ခြင်းလုံး၀ရှိပုံမရပါ။
ပျားအုံတစ်အုံကိုဖမ်းသည့်အခါဖြစ်စေခွဲသည့်အခါဖြစ်စေယေဘုယျအားဖြင့်ထားရှိရမည့်စည်းမျဥ်းများရှိပါသည်။ ပျားအုံတစ်အုံကိုဖမ်းခြင်းသို့မဟုတ်ခွဲခြင်းကိုပြုလုပ်ပြီးသည်နှင့်၎င်းတို့အားပုရွက်ဆိတ်များတိုက်ခိုက်ခြင်းကိုလွယ် ကူစွာခံရနိုင်ပါသည်။ အချို့သောပုရွက်ဆိတ်ကာကွယ်နည်းများကိုပျားအုံပုံစံရေးသားသည့်အပိုင်းတွင်ထည့်သွင်းရေး သားပါမည်။ခွဲလိုက်သောပျားအုံများကိုလည်း အစောပိုင်းတွင်နီးကပ်စွာထားပါ (၃၀ စမအတွင်)။ ဖမ်းသည့်အခါနှင့်ခွဲ သည့်အခါနှစ်ခုစလုံးကို(လူ-လုပ်ပျားအုံအတွင်း)မူလနေရာနှင့်နီးကပ်စွာထားရမည်၊ထိုနေရာတွင် တစ်လခန့်ထား သင့် သည်။ လူ-လုပ်ပျားအုံတစ်အုံသို့အသိုက်အမြုံကိုရွှေ့သည့်ခါဆဲလ်အဖြူများသည်ဆဲလ်အညိုများထက်ပို၍သန်မာ သည့်အချက်ကိုသတိပြုရမည်။ပရိုပိုလစ်များသည်လည်းမတုပ်သည့်ပျားများကိုတိုက်ခိုက်သည်—ဤသို့ဖြစ်ခြင်းမှာ ပျားမွေးမြူသူများအတွက်အခွင့်ကောင်းတစ်ခုဖြစ်နိုင်သည်၊အ၀င်ပေါက်တွင်ပရိုပိုလစ်များကိုထားရှိခြင်းအားဖြင့် ထိန်းမနိုင်သည့်လုပ်သားများကိုနေရာသစ်သို့လမ်းညွှန်ပေးသည်။နောက်ထပ်အကြံပြုချက်မှာဖွင့်ရမည့်ကိုလိုနီသည် သစ်သားအဆောက်အဉီးတွင်တည်ရှိနေပါက ပျားအုံကိုမဖွင့်မီကိုလိုနီအဖွဲ့သားများကိုတတ်နိုင်သမျှများ များစုဆောင်း ထားခြင်းသည်အသုံး၀င်သောနည်းဖြစ်နိုင်သည်။ထိုသို့ပြုလုပ်ရန်အ၀င်ပေါက် တွင်အသက်ရှူနိုင် သည့်ဗူး/သေတ္တာကို ထားခြင်းဖြင့်ဖမ်းနိုင်သည်၊ထိုနောက်ပျားအုံကိုပုတ်ပေးခြင်းဖြင့်ပျားများ၏စိတ်ကိုအနှောက်အ ယှက်ဖြစ်စေခြင်းဖြင့် ခုခံမှုပြုလာမည်။ဗူး/သေတ္တာသည့်ပြည့်လာသည့်အခါပျားများကိုအရိပ်ရှိသောနေရာတွင်ထားနိုင်မည်ဖြစ်သည်။ဤသို့ ပြုလုပ်ခြင်းဖြင့်အကျိုးကျေးဇူးရရှိနိုင်မည်၊အကြောင်းမှာပြောင်းရွှေ့သည့်အချိန်အတောအတွင်းထိခိုက်နိုင်သည့်ပျားအရေအတွက်ကိုနည်းသွားစေနိုင်၍တိုက်ခိုက်မည့်ပျားသို့မဟုတ်ပျားမွေးမြူသူအားအနှောက်အယှက်ပေးမည့်ပျားအရေအတွက်ကိုနည်းသွားစေသောကြောင့်ဖြစ်သည်။
ပျားအုံ ပုံစံများ
ကျွန်ပ်၏သုတေသနအတွက်အရှေ့တောင်အာရှတွင်မတုပ်သောပျားမွေးမြူခြင်းနှင့်ပတ်သက်၍ကြည့်ရှုလေ့လာ သည့် အခါပျားအုံပုံစံများစွာရှိသည်ကိုရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့တွင်-အုန်းသီးအခွံပျားရည်ထိပ်တန်း(စူပါ) သဘာ၀ ပျား အုံများ၊အမျိုးမျိုးသောသစ်သားသေတ္တာပုံစံများ၊၀ါးပျားအုံများနှင့်ပီဗွီစီပျားအုံများပါ၀င်သည်၊သို့သော်ထိုထက်မကရှိပါသည်။တောင်အမေရိကတိုက်တွင်ရိုက်ထားသောဓါတ်ပုံတစ်ပုံ၌မြေအိုးများတွင်ပျားအုံတည်ဆောက်ထားသည် ကိုတွေ့ခဲ့သည်၊၎င်းသည်လည်းဖြစ်နိုင်ခြေရှိအရာတစ်ခုဖြစ်ပါသည်။သစ်ခေါင်းများတွင်ပျားအုံတည်ဆာက်ထားသည်ကိုလည်းကျွန်ပ်သတိပြုမိပါသည်(ပုံ ၅)။
သစ်သားသေတ္တာ ပျားအုံများ
ကျွန်ပ်သိခဲ့သောပထမဆုံးနှင့်အလွယ်ကူဆုံးလူ-လုပ်ပျားအုံမှာသစ်သားသေတ္တာပျားအုံဖြစ်သည်။ လက်ရှိချိန်ကာလ တွင်အင်ဒိုနီးရှားနိုင်ငံ၌ကျွန်ပ်တွေ့ခဲ့သည့်စနစ်နှစ်ခုထဲကတစ်ခုဖြစ်၍အရှေ့တောင်အာရှနှင့်တောင်အာရှနိုင်ငံ ဗွီဒီယို များတွင်လည်းတွေ့ခဲ့သည်။သေတ္တာပျားအုံတစ်အုံသည်လည်း၎င်း၏အမည်ကဲ့သို့ပင်အလွန်ရိုးရှင်းပါသည်-၀င်ပေါက် တွင်အပေါက်တစ်ပေါက်ဖေါက်ထားသည့်သစ်သားသေတ္တာ။ သာမန်အားဖြင့်သေတ္တာများတွင်ဖယ်ရှားနိုင်သည့်အဖုံးရှိ သည်၊သို့မဟုတ်သေတ္တာကိုနှစ်ခြမ်းခွဲနိုင်သည်။ကျွန်ပ်တွေ့ခဲ့သည့်ပျားအုံအများစုမှာတခုနှင့်တစ်ခုကပ်နေ၍၎င်းကိုပျားများမှပြုလုပ်သည့်ပရိုပိုလစ်ဖြင့်ကပ်ထားသည်။ အခြေခံအားဖြင့်ဤသေတ္တာများသည် ၁-၄လီတာ(ပမာဏ)အထိရှိ သည်။ပျားအုံ၏အမြင့်ဆုံးအရွယ်ကိုပျားအုံမျိုးစိတ်အပေါ်တွင်မူတည်၍ခွဲခြားဆုံးဖြတ်သည်—မတုပ်သောပျားမျိုး စိတ်များတွင်မျိုးစိတ်တစ်ခုစီ၏အရွယ်နှင့်ပျားအုံအရွယ်သည်သိသာစွာခြားနားသည်။
အချို့ပုံစံများတို့တွင်အဖုံးနှင့်ပျားအုံကြားတွင်၎င်းတို့ကိုစောင့်ကြည့်နိုင်ရန်အတွက်ပလပ်စတစ်အကြည်ထည့်ကြ သည်။ ဤသို့ပြုလုပ်ခြင်းသည်ဖြစ်နိုင်ခြေရှိသည်၊ အဘယ်ကြောင့်ဆိုသော်ပျားများသည် ပရိုပိုလစ်များကိုပျားအုံအဖုံး တွင်ကပ်ထားမည့်အစားပလပ်စတစ်အပေါ်တွင်ကပ်ထားကြသည်၊ထိုသို့ပြုလုပ်ခြင်းကြောင့်ပရိုပိုလစ်များကိုအလွယ် တကူဖယ်ရှားနိုင်၍ပျားမွေးမြူသောသူများအနေဖြင့်လည်းပျားအုံကိုစောင့်ကြည့်ရန်အခွင့်အလမ်းရသည်။ ဤသို့ဖြင့် ပျားမွေးမြူသူများသည်မည်သည့်အချိန်တွင်သိမ်းရမည်ကိုသိနိုင်၍ပျားအုံ၏ကျန်းမာရေးနှင့်တိုးတက်မှုကိုစစ်ဆေး နိုင်သည်။
ကျွန်ပ်တွေ့ခဲ့သည့်အခြားသောပုံစံစနစ်များတွင်သစ်သားသတ္တာထဲတွင်အခန်းနှစ်ခုထည့်ထားသည်။ သေတ္တာနှစ်လုံး အားတွဲထားပြီးနောက် ထည့်ခြင်းဖြစ်သည်။ ဤစနစ်သည်အများအားဖြင့်ပျားဘုရင်မကိုတားဆည်းသည့်ပစ္စည်း(စာ စောင်တွင်အစောပိုင်းကဖေါ်ပြထားသည်)ကိုထည့်သွင်းအသုံးပြုထားသည်။ ဤတားထားသည့်ပစ္စည်းများသည် အပေါက်တစ်ပေါက်သို့မဟုတ်နှစ်ပေါက်ဖေါက်ထားသည့်သစ်သားပြားဖြစ်သည်။ဤစနစ်မျိုးသည်ပျားအုံတ၀က်ကိုအသိုက်အမြုံအားအနှောက်အယှက်မပေးဘဲယူနိုင်၍ပျားရည်သိမ်းယူသည့်အခါပျားအုံအားပျက်စီးစေမှုကိုလျော့ပါးစေသည်။အရွယ်မရောက်သေးသောပျားများပျက်စီးခြင်းကိုလည်းနည်းပါးစသည်။FAO(ဘရက်ဘဲယား၊၂၀၀၉)မှပေးထားသည့်သစ်သားသေတ္တာ ပုံစံအတွက် နောက်စာမျက်နှာတွင်ဖေါ်ပြထား သည်(ပုံ ၆)။ ဤပုံစံသည် ဖိလစ်ပိုင်နိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံရှိမက်လီပိုနီကားချားအတွက်သီးခြားဦးတည်ဆွဲထားသည့်ပုံစံဖြစ်သည်၊သို့သော်ဖိလစ်ပိုင်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကြားတွင်အချို့သောမျိုးစိတ်များအတွက်အသုံးပြုခြင်းများလည်းရှိနိုင်သည်။ဤပုံစံတွင်လေ၀င်လေထွက်အပေါက်ငယ်များပါ၀င်သည်—ကျွန်ပ်အနေဖြင့်အခြားသောစနစ်များ တွင်ထိုသို့ပြုလုပ်ထားခြင်း ကိုယခု အချိန်ထိမတွေ့ဘူးသေးပါ။ ဤပုံစံသည်ကျွန်ပ်တွေ့ခဲ့သည့်သြစတြေးလီးယန်းပျား အုံများနှင့်ပုံစံအလွန်နီးစပ် သည်—အဂ်လိပ်ဘာသာအားဖြင့်အကြောင်းအရာအချက်အလက်အများဆုံးရေးသားသော နေရာလည်းဖြစ်သည်။ သြစတြေး လီးယန်းအချက်အလက်များကိုအသုံးပြုရာတွင်သူတို့၏မတုပ်သောပျားများနှင့်ဂျားဗားနီး မတုပ်သောပျားများ မည် သို့ ကွာခြားသည်ကိုသေချာမသိရခြင်းသည်ကျွန်ပ်အတွက်ချီတုံချတုံဖြစ်စေပါသည်။
၀ါးပျားအုံများ
ကျွန်ပ်သိသမျှပျားအုံအမျိုးအစားများတွင်၀ါးပျားအုံများသည်အရိုးရှင်းဆုံးပျားအုံမျိုးဖြစ်သည်။ ၀ါးပျားအုံများကိုအ ခြေခံအားဖြင့်သာမာန်သေတ္တာပျားအုံများနှင့်နှုင်းယှဥ်နိုင်ပါသည်။ဤပျားအုံမျိုးကို၀ါးလုံးများအားအရှည်လိုက်နှစ်ခြမ်း ခွဲ၍တခြမ်းတွင်အပေါက်ငယ်တစ်ပေါက်ထားပါသည်၊အလွန်ရိုးရှင်းပါသည်(ပုံ၇)။ပျားအုံကိုအထဲတွင်ထား၍၀ါးခြမ်း နှစ်ခြမ်းကို၀ါယာသို့မဟုတ်ပရိုပိုလစ်အပိုများဖြင့်ပူး၍ချီထားပါသည်။ဤပျားအုံမျိုးမှသိမ်းယူသည့်အခါအလွန်အန္တာ ရယ်ဖြစ်စေ၍ပျားအုံတခုလုံးတွင်ပျက်စီးမှုမလွဲမသွေဖြစ်နိုင်သည်၊သို့သော်ဤနည်းမှာစျေးနှုန်းအသက်သာဆုံးနှင့်လုပ်သားများအနေဖြင့်ကျွမ်းကျင်စွာပြုလုပ်နိုင်သည့်ပျားအုံမျိုးဖြစ်သည်။
အုံးသီးခွံ ပျားအုံများ
အုံးသီးအခွံများကိုအသုံးပြု၍ပျားအုံပြုလုပ်ခြင်းနှင့်ပတ်သက်၍အခြေခံကျသည်ပုံစံနှစ်မျိုးကိုကျွန်ပ်သိပါသည်(အခွံကိုဖယ်ထားခြင်း)။ နည်းလမ်းတစ်ခုမှာပျားအုံအ၀င်ပေါက်အတွက်အုန်းသီးတစ်လုံးကိုအသုံးပြုခြင်းဖြစ်သည်။ ဤ ပျားအုံစနစ်မျိုးသည်ရှေးအကျဆုံးသောလူ-လုပ်ပျားအုံများဖြစ်သည်၊ သို့သော် ပျားရည်ကိုရယူရန်အတွက်ပျားအုံ အားလုံးနီးပါးကိုဖျက်ရန်လိုအပ်ခြင်းအပါအ၀င်ပြဿနာအမျိုးမျိုးရှိပါသည်၊ ၎င်းသည်သီးခြားမျိုးစိတ်တချို့အတွက် သာသင်လျော်သည်၊ အဘယ်ကြောင့်ဆိုသော်အုန်းခွံ၏အတွင်းဘက်သည် ပမာဏအားဖြင့်သေးငယ်သောကြောင့် ဖြစ်သည်။ သို့သော်ဤစနစ်ကိုညှိယူနိုင်ပါသည်၊ ဤအကြောင်းကိုအောက် ပါစာပိုဒ်တွင်ဆွေးနွေးပါမည်။
ကျွန်ပ်သိသောအုံးသီးခွံကိုအသုံးပြုသည့်နောက်စနစ်တစ်ခုမှာဖိလစ်ပိုင်နိုင်ငံတွင်ကျင့်သုံးသည့်စနစ်ဖြစ်သည်။ ထိုဒေ သတွင်အုံးသီးများကိုပျားရည် စူပါအဖြစ်အသုံးပြုကြသည်—၎င်းကိုပျားအုံတွင်ပျားရည်သိုလှောင်သည့်နေရာအဖြစ် ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရန်အတွက်အုံးသီးခွံကိုရှိပြီးသား ပျားအုံအရိုင်းနှင့်တွဲထားနိုင်သည်၊ သို့မဟုတ် အုံးသီး ပျားအုံပြုလုပ်ရန် ပျားရည်စူပါအဖြစ်အသုံးပြုနိုင်သည်။ ဤစနစ်မျိုးသည်လည်းလုပ်သားများကျွမ်းကျင်စွာဆောက် လုပ်နိုင်၍အပူပိုင်းဒေသတလျှောက် အမြောက်အများ တွေ့ရ သည်စွန့်ပစ်ပစ္စည်းများ ကိုအသုံးချခြင်းလည်းဖြစ်သည်။ အုံးသီးခွံများ၏အကျိုးကျေးဇူးမှာပုပ်သိုးရန်မ လွယ်ခြင်းဖြစ်၍ပျားအုံများရည်ရှည်တည်ရှိနိုင်ရန်အထောက်အကူ ဖြစ်စေသည်။
ပီဗွီစီ ပျားအုံများ
ကျွန်ပ်တို့သည် သဘာ၀နှင့်စျေးနှုန်းချိုသာသောပစ္စည်းများကိုအသုံးပြုသည့်ပျားအုံစနစ်များကိုသာအများအားဖြင့် တွေ့ရသည်။ အောက်ဖေါ်ပြပါစနစ်ကို မတ်ဟူစရီး ပျားရည် စခန်း ဟုသိကြသောအိန္ဒိယနိုင်ငံ ကယ်ရာလာ တွင်ရှိ သည့်လယ်ယာတစ်ခုမှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဤစနစ်ကိုစျေးနှုန်းသက်သာ၍သဘာ၀ပစ္စည်းများဖြင့်လုပ်ထားခြင်းမဟုတ်ပါ၊ ၎င်းကိုအဆင်သင့်ရနိုင်သော၊ကြာရှည်ခံသည့်ပစ္စည်းဖြစ်၍စျေးနှုန်းဆီလျော်မှုရှိသည့်ပစ္စည်းမှပြုလုပ်သည်။ ဤပျားအုံအတွက်လိုအပ်သည့်အပိုင်းများကိုပိုက်ပြင်လုပ်ငန်းအတွက်ပစ္စည်းရောင်းချသည့်ဆိုင်များတွင်ရရှိနိုင်သည်။
ဤပျားအုံ၏အကျိုးကျေးဇူးများတွင်ကြာရှည်ခံခြင်းနှင့်ပျားအုံသက်တမ်းရှည်ခြင်းသာမဟုတ်ဘဲအသင့်ထုတ်လုပ်ပြီးအစိတ်အပိုင်းများကိုအသုံးပြု၍၀ယ်သူများစိတ်ကြိုက်လုပ်ပေးနိုင်ခြင်းဖြစ်သည်။ မကြာခင်အချိန်တွင်ဆွေးနွေးမည့် စနစ်သည်လျှင်မြန်လွယ်ကူ၍ပျားများအားဖိစီးမှုနှင့်ပျားအုံပျက်စီးမှုအနည်းဆုံးဖြင့်ပျားရည်များကိုသိမ်းယူနိုင်သော စနစ်ဖြစ်သည်။ ဤပျားအုံ၏အခြားသောအဓိကအကျိုးကျေးဇူးမှာ၎င်းတို့ကိုနေရာအမျိုးမျိုးတွင် ချိတ်ဆွဲထားနိုင်ခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့်ပျားအုံများကိုကျူးကျော်ဖျက်ဆီးသူများမှ ကာကွယ်ရန်အထောက်အကူဖြစ်စေ၍ ၎င်းတို့ကိုအဆောက်အဦ၊ သစ်ပင်အစရှိသည့်နေရာများတွင်ချိတ်ဆွဲနိုင်သဖြင့်နေရာအမျိုးမျိုးကိုအသုံးပြုနိုင်သည့် အခွင့်အလမ်းရှိသည်။ အိန္ဒိယနိုင်ငံ၊ ကာရာလာတွင်အသုံးပြုသည့်ပျားမျိုးစိတ်တစ်မျိုး ထက်မကအသုံးပြုနိုင်သည့် ဤစနစ်သည်ဂျားဗားတွင်ရှိသည့်ပျားများအတွက်လည်းဆီလျော်မှုရှိမည်ဟုမျှော်လင့်ပါသည်—အနည်းဆုံးအင်ဒိုနီး ရှားနိုင်ငံနှင့်မျိုးစိတ်တစ်မျိုးတူညီလျက်ရှိသည်။
အောက်တွင်ဖေါ်ပြထားသည့်ပုံအားလုံးကိုယူကျုချယ်နယ်တွင်တွေ့ ရ သည့် “Work With Nature regarding Madhusree Honey Farm and their specific PVC hive system—invented by the founder of the farm (Binu, 2016)” မှပေးသောပုံများဖြစ်ပါသည်။
ပုရွက်ဆိတ် ထိန်းချုပ်ခြင်း
ဤစာတမ်း၏နောက်ဆုံးအကြောင်းအရာမှာပုရွက်ဆိတ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့်ဆွေးနွေးချက်အတိုဖြစ်ပါ မည်။ ယခင်ကပြောခဲ့သည့်အတိုင်းပျားအုံတစ်ခုကိုမကြာမီကခွဲလိုက်ခြင်း၊ ရွှေ့ခြင်းသို့မဟုတ်သိမ်းယူခြင်းပြုလုပ် သောအခါပျားများသည်၊အချိန်အကန့်အသတ်တစ်ခုအတွင်း၊ပုရွက်ဆိတ်များ၏တိုက်ခိုက်မှုကိုခံရနိုင်သည်။“ကျုံး”ပုံစံအမျိုးမျိုးမှတဆင့်ပုရွတ်ဆိတ်များမှကာကွယ်သည့်အခြေခံစနစ်များစွာရှိပါသည်-ဤအရာသည်လက်တွေ့အကျ ဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်ပုရွက်ဆိတ်များသည်ရေကဲ့သို့သောအရည်သို့မဟုတ်ဆီကိုဖြတ်ကျော်၍သွား မည်မဟုတ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင်စားပွဲသို့မဟုတ်”ခြေထောက်များ”ပါသည့်သေးငယ်သည့်အရာတစ်ခု ခုရှိပါကအဖြေမှာအလွန်ရိုးရှင်းပါသည်- ခြေထောက်တစ်ဘက်စီသို့မဟုတ်တိုင်တစ်ခုကိုကော်ဖီဘူးကဲ့သို့သော အရာ တစ်ခုခု(သို့မဟုတ် သေတ္တာ)အထဲသို့ထည့်၍ထိုဗူးကိုရေသို့မဟုတ်ဆီဖြည့်ပါ။ ခြေထောက်သို့မဟုတ်တိုင်သည်ဗူး၏ နံဘေးများနှင့်မထိအောင်ထားရမည်။
တွဲလောင်းဆွဲထားသည့်ပျားအုံမျိုုးတွင် ထုပ်တိုင်နှင့်တွဲထားသည့်ကြိုးသို့မဟုတ်၀ါယာကြိုးများအတွက် တနည်းတ ဖုံပြုပြင်ဆောင်ရွက်ရမည်။ ဤသို့ပြုပြင်ရာတွင်ထိုပစ္စည်း၌ရေထိမ်းနိုင်ရန်လိုအပ်သည်။ ပုရွက်ဆိတ်များတိုက် ခိုက် သည့်ရန်မှကာကွယ်ရန်ရွေးချယ်နိုင်သည့်နည်းလမ်းများတွင်စေးကပ်သည့်အရာသို့မဟုတ်ချောသည့်အရာများကိုပျားရည်စူပါအိမ်၏အထက်ပတ်ပတ်လည်သို့မဟုတ်ကြိုး/၀ါယာပတ်ပတ်လည်တွင်သုတ်ထားခြင်းနည်းများအပါအ၀င် ဖြစ်သည်။၎င်းတို့တွင်ခေါင်းလိမ်းဆီသို့မဟုတ်ယင်ကောင်ကပ်သည့်စာရွက်ပါ၀င်နိုင်သည်။တွဲလောင်းဆွဲထားသည့်ပျားအုံအတွက် နောက်ဆုံးအကြံပြုချက်မှာငါးမျှားသောကြိုးဖြင့်ချိတ်ရန်ဖြစ်သည်။ ငါးမျှားသောကြိုးများကို ပုရွက် ဆိတ်များဆုပ်ကိုင်ရန်ခက်ခဲ၍ပျားအုံကိုကာကွယ်ရာတွင်အကူအညီဖြစ်နိုင်သည်။ ကြိုးသည်ပျားအုံ၏အလေးချိန်ကို နိုင်လောက်အောင်ထူရပါမည်။
မှီငြမ်းချက်များ Resources
Aziz, M.S.A., Giribabu N, Rao P.V., Salleh N. 2017. Pancreatoprotective effects of Geniotrigona thoracica stingless bee honey in streptozotocin-nicotinamide-induced male diabetic rats. Pubmed. https://www.ncbi.nlm.nih.gov/pubmed/28222394
Binu, P.T. 2016. Stingless Bees/Meliponiculture Part 1 – Designing the Beehives and Getting the Honey! Work With Nature. Nov. 13, 2016. https://www.youtube.com/watch?v=Av43ZiQP1UQ&list=PLhAXjvNqBVlOCeJ8sr8n_bK0nOYAQzOv&index=1+14
Binu, P.T. 2016. Stingless Bees/Meliponiculture Part 2 - Getting Bees out from a Wall! Including the Queen! Work With Nature. Nov. 20. 2016. https://www.youtube.com/watch?v=EvbnWpLWFFQ
Bradbear, N. 2009. Bees and their role in forest livelihoods. A guide to the services provided by bees and the sustainable harvesting, processing, and marketing of their products. Chapter 6: Meliponiculture of Stingless Bees. Foof & Agriculture Organization of the United Nations. http://www.fao.org/3/i0842e/i0842e00.pdf
Rasmussen, C. 2008. Catalog of the Indo-Malayan/Australasian stingless bees (Hymenoptera: Apidae: Meliponini). Zootaxa 1935. https://www.researchgate.net/publication/271214026_Catalog_of_the_Indo-MalayanAustralasian_stingless_bees_Hymenoptera_Apidae_Meliponini
Pangestika, N.W., Atmowidi, T., and Kahono, S. 2017. Pollen load and flower constancy of three species of stingless bees (Hymenoptera, Apidae, Meliponinae). Tropical Life Sciences Research 28(2):179–187. doi: 10.21315/tlsr2017.28.2.13